Pages

Friday, August 9, 2013

အွန်လိုင်းသုံးရင်း ဝင်ငွေရှာမယ်

      ကျွန်တော်တို့တတွေ နေ့စဉ်နဲ့အမျှ ကွန်ပျူတာရှေ့မှာထိုင်ပြီး အင်တာနက်ကို အကြောင်းအမျိုးမျိုးနဲ့ သုံးနေကြတယ်။ အင်တာနက်သုံးပြီဆိုကတည်းက အိပ်ကပ်ထဲက ပိုက်ဆံတွေက ခြေထောက်ပေါက် ကုန်တော့တာပဲ။ တချို့များဆိုရင် ခြေထောက်ပေါက်ပြီးတာနဲ့ ကဆုန်စိုင်းတော့တာပဲ။ ကုန်လိုက် တဲ့ ငွေ သောက်သာက်လဲ။ အဲဒီကုန်သွားတဲ့ ငွေနဲ့ ကိုယ်ရလိုက်တဲ့ အကျိုး တွက်ခြေမကိုက်တဲ့ သူတွေ ကလဲ အများသား။

အဲဒီလိုကုန်နေတာချင်းအတူတူ ပြန်ရနိုင်တဲ့ နည်းလမ်းကောင်းလေးရှိတယ်ဗျာ။ ဘာတွေများ လဲမောင်ရင်ရယ် တကယ်ရတယ်ဆိုရင် တို့များလဲ လက်တို့ပါအုံး။ အဟဲ လက်တို့မယ်ဗျာ လက်တို့ မယ်။ ပြောချင်လွန်းလို့ကို စကားစချီလာတာ။ ဒီလိုဗျ ကုမ္ပဏီတွေက သူ့တို့ ထုတ်လုပ်တဲ့ ပစ္စည်း၊ ၀န်ဆောင်မှု၊ ရောင်းကုန်တွေကို လူများများသိဖို့အရေး အွန်လိုင်းမှာ ကြော်ငြာချင်ကြတယ်လေ။ စကားကလဲရှည်လိုက်တာ။ ခဏ သည်းခံပါဗျာ ပြောပြပါ့မယ်။ အဲလိုကြော်ငြာချင်တော့ အွန်လိုင်းကြော်ငြာ ဆိုက်တွေကို ချဉ်းကပ်လာကြတယ်။ အဲဒီတော့ အွန်လိုင်းကြော်ငြာဆိုက်တွေကလဲ လူဘယ်လောက်ကြည့် ရင်ဘယ်လောက်ပေးရမယ်ဆိုပြီး လက်ခံလိုက်တယ်။ လက်ထဲမှာ ကြော်ငြာက ရလာပီ ကြည့်မယ့်သူက မရှိ။ ဟိုလုပ်ငန်းရှင်ဆီက ငွေလဲလိုချင်တော့ သူကလဲ ကြည့်မယ့်သူကို ဈေးချိုချိုနဲ့ ထပ်ငှားတယ်ဗျာ။ ကဲကျွန်တော်တို့ကလဲ ကြည့်ရတာဘာပင်ပန်းတာမှတ်လို့ ပေးကြည့်မယ်ဆိုပြီး ကြော်ငြာကြည့် ပိုက်ဆံရ။ ကဲ ဘယ်လိုလဲ။ မကောင်းဘူးလား။ ငယ်ငယ်တုန်းကဆိုရင် TVက လာတဲ့ကြော်ငြာတွေကို အမြင်ကပ်လွန်းလို့ ဇာတ်လမ်းတွဲက တော်တော်ကောင်းနေပြီဆိုရင် ၀င်လာပြီ သည်ကြော်ငြာ။ ခဏခဏကြည့်ရပါ များတော့ ကြော်ငြာသီချင်းတွေတောင် အလွတ်ရလာတော့တယ်။ ခုတော့ သည်လိုမဟုတ်ပြီ အော်ခုတော့ သည်လိုမဟုတ်ပြီ။ ကြော်ငြာလေးတွေ တန်းစီနေပြီဆိုရင်ကို ကျက်သရေကျနေတာ အဲလေ ကျက်သရေရှိနေတာ။ ကဲလေရှည်နေတာနဲ့ လိုရင်းမရောက်တော့ဘူး။ အဲသလို အဲသလို ကိုယ်လုပ်စရာရှိတာလေး လုပ်လိုက် ကြော်ငြာလေးကြည့်လိုက်။ မပိုင်ဘူးလား။ ကြော်ငြာကြည့်ချင် တယ်ဆိုရင် ကျွန်တော့်အကြိုက် PTC ဆိုက်များမှာ ဆက်လက် ဖတ်ရှုတော်မူကြပါဗျာ။

1 comment:

  1. အကို..ရေ..ကြော်ငြာ တွေ..ကလစ်တာအပြင်..တခြားနည်းလမ်းတွေလည်း..သင်ပြပေးပါလား..ဥပမာ..minijop တွေဘာတွေပေါ့..ဟဲဟဲ..အားပေးနေတယ်နော်..

    ReplyDelete

ထင်မြင်ယူဆချက် ကိုယ်တိုင်တွေ့ကြုံခဲ့ရတာလေးတွေ ၀င်ရောက်ဆွေးနွေးခြင်းဖြင့်ကူညီခဲ့ပါအုံး...။