Pages

Thursday, November 28, 2013

Freedom ကို အဆင်ပြေပြေ အသုံးပြုနိုင်ဖို့

freedom အသုံးပြုတာနဲ့ ပတ်သတ်လို့ တစ်ချို့တွေမှာ အဆင်မပြေကြဘူးလို့ ကြားရပါတယ်။ ကျွန်တော်လဲ freedom ကို နေ့တိုင်းသုံးနေတာ အဆင်ပြေပါတယ်။ ဘယ်လိုများ အဆင်မပြေကြပါလိမ့်လို့ စဉ်းစားကြည့်တဲ့ အခါ အဖြေ ၄မျိုးထွက်လာပါတယ်။

၁။ အင်တာနက် လိုင်းမကောင်းချိန်မှာ သုံးနေလို့။
၂။ proxy setting မှားနေလို့။
၃။ freedom version out date ဖြစ်နေလို့။
၎။ freedom က ခွင့်ပြုထားတဲ့  bandwidth ထက် ပိုသုံးနေလို့။

၁။ အင်တာနက် လိုင်းမကောင်းချိန်မှာ သုံးနေရင်တော့ freedom က အဆင်မပြေပါဘူး။ အဲဒါကြောင့် freedom ကို သုံးတော့မယ်ဆိုရင် အင်တာနက်လိုင်း အသင့်အတင့်ကောင်းနေချိန်ကို ရွေးခြယ်သုံးပါ။
အထူးသဖြင့် paypal and payza သုံးတော့မယ်ဆိုရင် အင်တာနက်လိုင်းက ပုံမှန်အတိုင်းကောင်းမွန်နေမှ အဆင်ပြေပါမယ်။ အင်တာနက် လိုင်းမကောင်းလို့ ခဏခဏ try နေရရင် paypal and payza account limited ဖြစ်သွားတတ်ပါတယ်။

၂။ proxy setting မှားနေရင်လဲ proxy မပြောင်းပဲ မြန်မာအိုင်ပီနဲ့ ဖြစ်နေပြီး လိုရာခရီး မပြီးပဲ ဖြစ်နေမှာပါ။ အဲဒါကြောင့် proxy setting အတွက် ဒီနေရာမှာ လေ့လာပါ။

၃။  freedom version out date ဖြစ်နေရင်လဲ အဆင်ပြေပြေသုံးစွဲနိုင်မှာမဟုတ်ပါဘူး။ freedom version out date ဖြစ်နေသလား ဆိုတာ သိဖို့ freedom မသုံးသေးခင် အားလပ်ချိန်မှာ စစ်ဆေးထားဖို့လိုပါတယ်။ အဲဒီလိုမစစ်ဆေးမိရင်ခဲ့ ရင် freedom သုံးနေချိန်မှာ version update download လုပ်ဖို့ သတိပေးစာ တွေ့ရပါမယ်။ အဲလိုတွေ့ရရင်တော့ ဆက်မသုံးပါနဲ့တော့ အဆင်ပြေမှာ မဟုတ်တော့ပါဘူး။ freedom version up date လုပ်ပြီးမှ ဆက်သုံးပါ။

စစ်ဆေးရန်အတွက်  freedom ကို ဖွင့်လိုက်ပါ။ Update ? ကိုနှိပ်ပါ။


အောက်ပါအတိုင်း box တစ်ခုကျလာပါမယ်။ ရှေ့သို့ ကိုနှိပ်လိုက်ပါ။


 အောက်ပါအတိုင်းနောက်ထပ်box တစ်ခုပေါ်လာပါမယ်။ your installation is outdated ဆိုရင်တော့ freedom version out date ဖြစ်နေပါပြီ။ download ကိုနှိပ်ပြီး version အသစ်ကို ဒေါင်းလိုက်ပါ။ ဒေါင်းထားတဲ့ version အသစ်က C:\ Users\ username\ AppData\ Local\ temp  အောက်မှာရောက်သွားပါတယ်။


အောက်ပါအတိုင်း new version ကို ဒေါင်းပါလိမ့်မယ်။


 အောက်ပါတိုင်း တွေ့ရရင်တော့ install ကိုနှိပ်လိုက်ပါ။


ကျနော်မှာတော့ အောက်ပါအတိုင်း installation failed ဖြစ်သွားပါတယ်။ 


အဲဒါကြောင့် download file ရှိတဲ့နေရာ  C:\ Users\ username\ AppData\ Local\ temp ကို အောက်ပါအတိုင်းသွားပီ Install လုပ်ပါတယ်။


Install လုပ်ပြီး update ဖြစ်မဖြစ် ပြန်စစ်ကြည့်ပါ။  အောက်ပါအတိုင်း your installation is up to date လို့ တွေ့ရင် update လုပ်တာအောင်မြင်ပါပြီ။


အခုလို တိုက်ရိုက်ဒေါင်းဖို့ အင်တာနက်လိုင်းအဆင်မပြေတဲ့ သူတွေအတွက် Freedom Update ဆိုပြီး ကျနော်အမြဲတင်ပေးထာပါတယ်။

၎။ freedom က ခွင့်ပြုထားတဲ့  bandwidth ထက်ပိုသုံးမိနေရင် လိုင်းက အတော်ကြီးကိုလေးသွားတာပါ။ တစ်ခါတစ်လေ ဘာမှ အလုပ်မလုပ်တာ့တဲ့အထိ ဖြစ်သွားတတ်ပါတယ်။

freedom က ခွင့်ပြုထားတဲ့  bandwidth ကို အောက်မှာ လေ့လာကြည့်ပါ။


freedom က free account အတွက် bandwidth က 64kbit/s ထိပဲ သုံးခွင့်ပေးထာပါတယ်။ အဲဒါကြောင့် freedom နဲ့ သုံးတဲ့အခါ ဆိုက်တစ်ခုထက်ပိုမသုံးသင့်ပါဘူး။ PTC site ဆိုတော့ ပိုဆိုးပါတယ်။ မူရင်း PTC site က တစ်ခု၊ ကြော်ငြာ ဆိုက်ကတစ်ခု အဲဒီအထဲမှာ Gif ပုံတွေ Video တွေပါလာရင် bandwidthကို တော်တော်စားသွားပါတယ်။ အဲဒါကြောင့် freedom နဲ့ proxy ကျော်သုံးတဲ့ အခါ ဆိုက်တစ်ခုထက် ပိုမဖွင့်ပါနဲ့။
အဲဒါဆိုရင် freedomကို အဆင်ပြေပြေ သုံးနိုင်ပြီလို့ ယူဆပါတယ်။
အားလုံး အဆင်ပြေကြပါစေ..။



Wednesday, November 27, 2013

PTCRS က ငွေထုတ်မယ်

ခုတလော PTC site အသစ်တွေ ပေါများလာသလို ငွေပေးတာတွေရော မပေးတာတွေပါ စုံနေအောင်တွေ့နေရပါတယ်။ ဆိုက်အဟောင်းတွေ ကမောက်ကမဖြစ်နေသလို ဆိုက်အသစ်တွေ အာပလာဖြစ်ကုန်တာလဲ မနည်းပါဘူး။ အဲဒီအထဲက ဆိုက်အသစ်ဖြစ်တဲ့ ငွေအမှန်တကယ်ပေးတယ်လို့ နာမည်ရနေတဲ့ PTCRS ကနေ မနေ့က  ငွေစမ်းထုတ်ကြည့်လိုက်တာ ချက်ချင်းရပါတယ်။ probux လို ငွေထုတ်ဖို့ အိုင်ပီကျော်နေစရာမလိုပါဘူး။  မြန်မာ အိုင်ပီနဲ့ပဲ ထုတ်လိုက်တာချက်ချင်းရခဲ့ပါတယ်။ ငွေရောက် မရောက် payza ထဲဝင်ကြည့်တဲ့ အခါမှာတော့ freedom နဲ့ Proxy ကျော်ပြီး ၀င်ကြည့်ခဲ့ပါတယ်။

အကောင့်လုပ်မယ်ဆိုရင် အောက်က ပုံလေးကို နှိပ်ပြီး အကောင့်လုပ်နိုင်ပါတယ်။

PTCRS ရဲ အားနည်းချက်က

ဆိုက်အတက်လေးပါတယ်။ login လုပ်တဲ့ အခါမှာ IP ဘာညာပြောပေမယ့် နှစ်ခါ သုံးခါ ၀င်လိုက်ရင် ရသွားပါတယ်။ paypal နဲ့ ငွေထုတ်လို့ မရသေးပါဘူး။ ဆိုက်တည်ထောင်တဲ့ သက်တမ်း နုပါသေးတယ်။



PTCRS ရဲ့ အားသာချက်က
RR တွေက ၁၀၀% လောက် အလုပ်လုပ်ပါတယ်။ RR 1 ယောက်ကို 0.15 ရှိပြီး တစ်ခါငှါးရင် အနည်းဆုံး RR 5 ယောက် 0.75 နဲ့ ငှါးလို့ရပါတယ်။ ငွေထုတ်တဲ့ အခါ ip ကျော်စရာမလိုပဲ မြန်မာ အိုင်ပဲနဲ့ တိုက်ရိုက်ထုတ်လို့ရပါတယ်။ ADGRID (မဲနှိုက်တဲ့) ကလစ်တစ်ချက်ကို Point တစ်ခုအဖြစ် သတ်မှတ်ပေးပါတယ်။

ကြော်ကြည့်တဲ့အခါ unlock ကြော်ငြာတစ်ခုကို အလကားကြည့်ပေးပြီးမှ ကျန်တဲ့ ကြော်ငြာတွေကို ဆက်ကြည့်လို့ရပါတယ်။
အကောင့်မလုပ်ရသေးရင်တော့ ဒီမှာ ကလစ်ပြီး  DR လေး မစသွားပါအုံး။



Monday, November 4, 2013

ကျွန်တော်အကြိုက် PTC site


ကျွန်တော့်အကြိုက် PTC site တွေကတော့ ငွေပေးခြင်း မပေးခြင်းအပေါ်မူတည်ပြီး ပြောင်းလဲနေပါတယ်။ အစပိုင်းမှာ ငွေပေးပြီး နောက်ပိုင်မှ ငွေမပေးတော့တဲ့ဆိုက်တွေလဲ ရှိပါတယ်။ အဲကြောင့် ဆက်လက်လုပ်ကိုင်ဖို့ မသင့်တော့ရင် အမြန်ဆုံး ပြောင်းလဲလိုက်တာ အကောင်းဆုံးပါပဲ။ အောက်ပါ ဆိုက်တွေကတော့ အခုချိန်ထိ ငွေထုတ်ပေးနေပါသေးတယ်။ စိတ်ချ လက်ချ လုပ်ကိုင်နိုင်ကြပါတယ်။
ကျွန်တော်တို့ တတွေက PTC Site တွေ အများကြီးလုပ်ထားပြီး ဟို ဆိုက်မကလစ်မိ ဒီဆိုက်လဲ မေ့နဲ့ ဆိုတော့ တစ်နေ့ တစ်နေ့ ပုံမှန်ကလစ်မိတဲ့ ဆိုက်ရယ်လို့ တိတိကျကျ မရှိရင် အိပ်ပေါက်နဲ့ ဖားကောက်သလိုဖြစ်နေမှာပါ။ အဲဒါကြောင့် အကြမ်းမျဉ်းပြောပြပါမယ် ပင်တိုင် စိတ်ကြိုက်ဆိုက်တွေရွေးထားရပါမယ်။ အဲဒီထဲကမှ အကြိုက်ဆုံးဆိုပြီး ထပ်ခွဲပါ။ အဲဒီအကြိုက်ဆုံးဆိုက်တွေကို တစ်ခြားဆိုက်တွေက ရတဲ့ ပိုက်ဆံတွေနဲ့ Referrals တွေဝယ်ပါမယ် ။ account upgrade လုပ်ပါမယ်။ အဲဒီအတွက် paypal or payza အကောင့်တစ်ခုခု လိုပါမယ်။
ကျနော်တော့ အခု probux ကို သဘောကျနေတယ်။ အဲဒီမှာ နည်းနည်းချင်း ငွေထည့်ပြီး လှုပ်ရှားနေတယ်ဆိုပါတော့ဗျာ။


 




                                                                                4 Cashnhits





 









တော်ပြီပေါ့ ဒီလောက်ဆို အများကြီးလုပ်ရင် ကိုယ့် တကယ်လက်ငင်းငွေပေးနေတဲ့ အလုပ်တွေ ပစ်ထားရလိမ့်မယ်။

အရံဆိုက်တွေကတော့ မိတ်ဆွေတို့ စိတ်ကြိုက် Referrals တွေပြန်ဝယ်မလား မ၀ယ်ပဲနဲ့ ကိုယ်အကြိုက်ဆုံး ဆိုက်ကို ထည့်မလား ကိုယ်တိုင်သာဆုံးဖြတ်ကြပါဗျာ။
ကျားကြီးရင် ခြေရာကြီးပါတယ်။

Friday, November 1, 2013

SilverClix ကနေ ငွေထုတ်မယ်

ခုတလော PTC Site အသစ်တွေ မှိုလိုပေါက်လာသလို Scam ဆိုက်ဖြစ်သွားတာတွေလဲ ဒုနဲ့ဒေးတွေ့နေရပါတယ်။ အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းကိုတဲ့တလည်လည်ဆိုတာလို PTC Site အဟောင်းတွေက ဟောင်းပေမယ့် ကောင်းနေဆဲဆိုတာကို သိလာရပါတယ်။ ငွေပေးမှန်တယ်။ ကြော်ငြာတွေပေးတာမှန်တယ်။ အပြောင်းအလဲမများဘူး။ RR တွေ နေ့တိုင်းအလုပ်လုပ်တယ် AVG 2.0 အထက်မှာ အမြဲတမ်းရှိနေတယ်။ RR Recycle ကို Free လုပ်ခွင့်ရတယ်။ 1 လစာ သက်တမ်းတိုးတာကို 5% ခံစားခွင့်ပေးတယ်။ ကြော်ငြာကြည့်တဲ့အချိန်မှာ IP တူလို့ ကြည့်မရတဲ့ ပြဿနာမရှိဘူး။ point 1000 ကို $1 နဲ့ အညီအမျှ  (အနည်းဆုံး point 10 = 0.01) လဲလို့ရတယ်။ ငွေထုတ်တဲ့အခါမှလဲ သူစောင့်ခိုင်းတဲ့ ရက်ထက် မကြာစေရဘူး။ မြန်မာအိုင်ပီနဲ့ အကောင့်လုပ်ပြီး မြန်မာအိုင်ပီနဲ့ ကလစ် မြန်မာအိုင်ပီနဲ့ ငွေထုတ်လို့ရတယ်။ အဲဒီလို အရည်အချင်းနဲ့ပြည့်တဲ့ ဆိုက်ကိုပြပါဆိုရင် SilverClix ကို ချန်ထားခဲ့လို့ မရပါဘူး။Silverclix အမှန်အကန် တည်တည်ငြိမ်ငြိမ်မို့ PTC သမားတိုင်း လုပ်ကိုင်သင့်တဲ့ဆိုက်ပါ။ စိတ်ဝင်စာလို့ အကောင့်လုပ်မယ်ဆိုရင် ဒီလင့်ကနေ အကောင့်လုပ်နိုင်ပါတယ်။

Silverclix ကနေ မြန်မာအိုင်ပီနဲ့  ငွေထုတ်ခဲ့ပုံလေးကို အောက်မှာပုံနဲ့တကွ တင်ပြလိုက်ပါတယ်။
 Oct 27 နေ့က ငွေထုတ်ခဲ့တာပါ။




Oct 31 ရက်နေ့မှာ ငွေ ထုတ်ပေးပါတယ်။


paypal ထဲဝင်ကြည့်တော့ အခုလိုငွေရောက်နေတာတွေ့ရပါတယ်။


SilverClix က လဲ ယုံစွာကလစ်သင့် ဆိုက်တစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Thursday, October 3, 2013

Freedom အသုံးပြုနည်း

ဖရီးဒမ်းကိုအသုံးပြုဖို့ Freedom အကောင့်ရှိရပါမယ်။ အကောင့်လုပ်နည်းကို ဒီမှာ ရေးထားပြီးပါပြီ။ဒီမှာတော့ ဖရီးဒမ်း အသုံးပြုနည်းကိုပဲ သီးသန့်ပြောသွားပါမယ်။
ဖရီးဒမ်းအသုံးပြုဖို့ ဖရီးဆော့ဝဲကိုဖွင့်လိုက်ပါ။
 အောက်ပါအတိုင်းတွေ့ရပါမယ်။
 ဒီအဆင့်မှာ နှစ်သက်ရာ ဘာသာစကားကိုရွေးချယ်နိုင်ပါတယ်။ ကျွန်တော်ကတော့ မြန်မာစာ ကိုရွေးလိုက်ပါတယ်။

ဖရီးကို သုံးလက်စဖြစ်နေပြီး အဆင်မပြေသေးသူတွေကတော့ ပြန်ဆင်မှုပြုလုပ်ရန်ကိုနှိပ်ပါ။
အောက်ပါအတိုင်းတွေ့ရပါမယ်။ မသိပါက တဆင့်ချင်းဆီလုပ်ဆောင်ရန်ကို နှိပ်ပါ။
ရှေ့သို့ ကိုနှိပ်ပါ။
ရှေ့သို့ ကိုနှိပ်ပါ။
ရှေ့သို့ ကိုနှိပ်ပါ။
ရှေ့သို့ ကိုနှိပ်ပါ။
ရှေ့သို့ ကိုနှိပ်ပါ။
အောက်ပါအတိုင်း ရှာတွေ့တဲ့ ဆာဗာတွေထဲက နှစ်သက်ရာ ဆာဗာတစ်ခုကိုရွေးပါ။
ဖရီးဒမ်းတွင်ပြုလုပ်ခဲ့သော username and password ကို ရိုက်ထည့်ပါ။
သိမ်းပြီးထွက်ရန်ကိုနှိပ်ပါ။

သိမ်းပြီးထွက်ရန်ကိုနှိပ်ပါ။

ဖရီးဒမ်းအသုံးပြုဖို့ အသင့်အနေအထားရှိနေပါပြီ။ စတင်ဆက်သွယ်ရန်ကိုနှိပ်လိုက်ပါ။
 အောက်ပါအတိုင်း အလိုအလျောက်တက်ရန်ကို အမှန်ခြစ်ပေးထားပါ။
အောက်ပါ အတိုင်းတွေ့ရလျင် ဖရီးဒမ်းဆော့ဝဲ နဲ့ ဖရီးဒမ်းဆာဗာတို့ အဆင်ပြေပြေ ချိတ်ဆက်မိပါပြီ။
 Firefox မှာ ဖရီးဒမ်းနဲ့ အသုံးပြုဖို့ proxy setting ကိုအနည်းနည်းပြောင်းပေးရပါမယ်။

အောက်ပါပုံအတိုက် လိုက်နှိပ်လိုက်ပါ။

အောက်ပါပုံအတိုင်း လိုက်နှိပ်ပါ။


 အောက်ပါပုံအတိုင်း ရွေးချယ်ပြီး HTTP Proxy မှာ127.0.0.1 Port မှာ 8080 လို့ ရှိနေရပါမယ်။
တကယ်လို့ ရှိမနေ့ခဲ့ဘူးဆိုရင် ကိုယ်တိုင် ထည့်ပေးလိုက်ပါ။

 ok နှိပ်လိုက်ပါ။

ဖရီးဒမ်းနှင့် အသုံပြုမည်ဆိုတိုင်း ဒီအခြေအနေရအောင်ပြင်ရပါမယ်။
ပုံမှန် IP အတိုင်းသုံးချင်ရင် No proxy ကိုရွေးပြီး ok နှိပ်ပါ။
နောက်တစ်ခါ ဖရီးဒမ်းနှင့်အသုံးပြုမည်ဆိုလျင် Manual proxy configuration ကိုရွေးပါ။ ok နှိပ်ပါ။

ဖရီးဒမ်း အိုင်ပီလား ပုံမှန်အိုင်ပီလား သိနိုင်ဖို့  အောက်ပါ ၀က်ဆိုက်ဖြင့်စမ်းသပ်နိုင်ပါတယ်။

http://whatismyipaddress.com/
 
ကျွန်တော်ကတော့ဖရီးဒမ်းနဲ့ သုံးမယ့်ဆိုက်တွေကို Firefox မှာဖွင့်ပြီးကလစ်နေတဲ့ အချိန်မှာ 
Chrome ကိုမြန်မာအိုင်ပီနဲ့ဖွင့်ပြီး ကျန်တဲ့ မြန်မာအိုင်ပီနဲ့ အဆင်ပြေတဲ့ ဆိုက်တွေကိုသုံးပါတယ်။
စက်တစ်လုံးထဲမှာ အိုင်ပီနှစ်ခုကို browser နှစ်ခု နဲ့ ခွဲသုံးပါတယ်။ လုံးဝအဆင်ပြေပါတယ် ခင်ဗျာ။

 မှတ်ချက်
ဆိုက်တစ်ခုထဲကို အကောင့်နှစ်ခုလုပ်ပြီး ခွဲသုံးတာမဟုတ်ပါ။








မြန်မာကနေ Neobux က ငွေထုတ်မယ်

 ကျွန်တော့်လို မြန်မာချစ်စိတ်နဲ့ (ခတ်တည်တည်ပဲ) မြန်မာအိုင်ပီကို သုံးပြီး Neobux အကောင့်လုပ်ထားတဲ့ ညီကိုများအတွက် သတင်းကောင်းလေးပါဗျာ။

မြန်မာကနေ အကောင့်လုပ်ထားတဲ့ ကျွန်တော့်ရဲ့ Neobux ထဲက ငွေထုတ်ဖို့ your payment ကိုနှိပ်တော့ ကျွန်တော်တို့ မြန်မာကို paypal က အရေးမလုပ်လို့ ဆိုပြီး Neobux ကလဲ ငွေထုတ်ခွင့်မပေးပါဘူး။ အဲဒီတော့ ကြံရပြီပေါ့ IP ပြောင်းပြီး ထုတ်ကြည့်ပါတယ်၊ မရပါဘူး။ ကိုနိုင်အောင်စိုးနဲ့ တိုင်ပင်ကြည့်တဲ့ အခါ ၇ရက်လောက် IP ပြောင်းသုံးနိုင်ရင်တော့ ထုတ်လို့နိုင်တယ် ဒါပေမယ့်  ဟော့စပေါ့နဲ့ ပြောင်းမယ်ဆို ရင်တော့ မူရင်းနိုင်ငံကို Neobux ကသိနေပါတယ်တဲ့။အကောင့်လုပ်ကတည်းက အခြားနိုင်ငံ IP နဲ့ အကောင့်လုပ်ခဲ့တဲ့ သူတွေကတော့ မြန်မာကနေ IP ပြောင်းပြီး ငွေထုတ်လို့ရပါသတဲ့ဗျာ။ ကျွန်တော့် လို ရွှေမြန်မာ အိုင်ပီနဲ့ အကောင့်လုပ်ခဲ့တဲ့သူတွေကတော့  Neobux က ငွေထုတ်ဖို့ နိုင်ငံခြားတာင် သွားရ မယ့်ကိန်းဆိုက်နေပါတယ်။

 ကျွန်တော်ကိုယ်တိုင် Connection မကောင်းတဲ့ကြားက  ဖရီးဒမ်းကိုသုံးပြီး အပင်ပန်းခံ စမ်းသပ်ခဲ့တာ ခုတော့  နိုင်ငံခြားသွားစရာမလိုတော့ပါဘူး။ Neobuxက မူရင်းနိုင်ငံကို မထောက်လှမ်းနိုင်တော့ပါဘူး။ အဲဒါ ကျွန်တော့်အစွမ်း မဟုတ်ပါဘူးဗျာ ဖရီးဒမ်းရဲ့ အစွမ်းပါ။
ဖရီးဒမ်းကိုသုံးပြီး ၇ရက်လောက်ကလစ်ခဲ့ပါတယ်။ အရင်ကလို သတိရတိုင်းဖွင့်မကြည့်နိုင်တော့ပါဘူး။ အင်တာနက်လိုင်းလေး အတန်အသင့်ကောင်းတဲ့ မနက်လေးနာရီခွဲလောက်ထပြီး အိပ်ချင်မူးတူး နဲ့ ကြော်ငြာတွေကို ကလစ်ခဲ့ရပါတယ်။ တစ်နေ့မှ တကြိမ်ပဲ ဖွင့်ပါတယ်။အခု ၂ဒေါ်လာပြည့်လို့ စမ်းထုတ် ကြည့်တာ ဖရီးဒမ်းနဲ့ သုံးတာ ၇ရက်အလွန် ၈ရက်မြောက်နေ့မှာ paypal နဲ့ အောင်မြင်စွာ ငွေထုတ်လို့ ရခဲ့ပါတယ်။ ကျွန်တော်ငွေထုတ်ခဲ့တဲ့ ပုံလေး တွေ ကို အောက်မှာ တင်ထားပါတယ်။

အောက်ပါပုံက ၅ရက်မြောက်နေ့က ရိုက်ထားတာပါ။ ၇ရက်မပြည့်သေးလို့ ငွေထုတ်တာမအောင်မြင်ခဲ့ပါဘူးဗျာ။




၅  ၆ ၇ မြောက်တဲ့နေ့အထိ ဒီအဆင့်မှာတင် ရပ်သွားပါတယ်ဗျာ။ ၈ ရက်မြောက်နေ့မှ အောက်ပါ ကျက် သရေရှိလှတဲ့ ပုံလေးကို တွေ့ရပါတယ်။

ဒါကတော့ ကျွန်တော် paypal ထဲကို အမှန်တကယ်ငွေရောက်လာတဲ့ သက်သေလေးပါပဲ။

X လက်ဆောင် X
xxxxxxxxxxxxx
မြန်မာအိုင်ပီနဲ့ noebux အကောင့်လုပ်ခဲ့လို့ စိတ်ညစ်စရာ မလိုတော့ပါဘူး ညီကိုတို့ရေ ကယ်တင်ရှင် ဖရီးဒမ်းရှိပါတယ်။ ဖရီးဒမ်းကိုအသုံးမပြုတတ်သေးတဲ့ ညီကိုများအတွက် ဖရီးဒမ်းအသုံးပြုနည်း တင်ပေးသွားပါမယ်ဗျာ။

neobux အကောင့်မလုပ်ရသေးရင် IP ကြော်ပြီး အကောင့်လုပ်ထားစေချင်ပါတယ်။ IP ကျော်ပြီး အကောင့်လုပ်ထားတဲ့သူတွေက မြန်မာအိုင်ပီနဲ့ ကလစ်ပြီး ငွေထုတ်ချင်တော့မှ IPကျော်ပြီး ငွေထုတ်ရင် ၇ရက်ပြည့်အောင်စောင့်စရာမလိုပဲ လွယ်လွယ်ထုတ်ယူလို့ ရတယ်လို့ ကြားသိထားရပါတယ်။

အကောင့်မလုပ်ရသေးရင် ဒီလင့်ကနေ အကောင့်လုပ်ပြီး DR လေးမစသွားပါအုံးဗျာ။

Wednesday, September 18, 2013

The-bux ကနေ ငွေထုတ်မယ်

The-bux က တစ်နေ့တာရဲ့ အများဆုံး ငွေထုတ်လို့ရတာက $550 ပဲခွင့်ပြုထားပါတယ်။
တစ်နေ့ တစ်နေ့ ငွေထုတ်ဖို့ စောင့်နေကြတဲ့ မန်ဘာတွေကလည်း အများကြီးပါ။ Server time 00:00 ဖြစ်တဲ့ အချိန်လေးမှာပဲ လုထုတ်ကြရတော့ ဘယ်အချိန်ကြည့်ကြည့် $550 က ထုတ်ပြီးသားဖြစ်နေပါတယ်။ အဲဒါကြောင့် ကျွန်တော်လဲ Server time 00:00 ဖြစ်တဲ့ မြန်မာစံတော်ချိန် နံနက် ၆း၁၀ နာရီခန့် အချိန်ကိုစောင့်ပြီး ငွေစမ်းထုတ်ခဲ့ပါတယ်။ ငွေအများကြီးရနေလို့တော့မဟုတ်ပါဘူး။  ကျွန်တော်တို့လို မြန်မာကနေ The-bux မှာ ကလစ်နေကြတဲ့ ညီအကိုတွေအတွက် အချိန်ကုန်လူပမ်းသက်သာအောင် ယုံကြည်စိတ်ချစွာ ကလစ်နိုင်အောင် ငွေစမ်းထုတ်ခဲ့ပါတယ်။
အောင်မြင်စွာထုတ်ယူနဲ့ခဲ့ပါတယ်။ 
The-bux ဆိုက်က မြန်မာကနေငွ ကလစ်ချင်သူတွေအတွက် ရွေးချယ်ပြီး လုပ်ကိုင်သင့်တဲ့ ဆိုက်တစ်ခုဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါတယ်။ အကောင့်မလုပ်ရသေးရင်  ဒီမှာ လုပ်နိုင်ပါတယ်။

Thebux  ကနေ ငွေထုတ်ပုံက ဒီလိုပါ။
The-bux ရဲ့ အနည်းဆုံး ထုတ်လို့ရတာက $3 ပါ။ Account Balance မှာ $3 ရှိရင် ငွေစထုတ်လို့ရပါပြီ။

ငွေထုတ်မယ်ဆိုရင် The-bux ရဲ့ Server time 00:00 မဖြစ်ခင် မြန်မာစံတော်ချိန် နံနက် ၆း၀၀ လောက်ကတည်းက ငွေထုတ်တဲ့ Withdraw ကို နှိပ်ထားလိုက်ပါ။
 Withdraw Page ကို ရောက်ရင် အခုလို ငွေအများဆုံးထုတ်လို့ရတဲ့ limits ပြည့်နေပြီဆိုတဲ့ စာသားပေါ်နေပါမယ်။ ကိစ္စမရှိပါဘူး။ ဒါက မနေ့က ကုန်နေခဲ့တာပါ။ ကျွန်တော်တို့ ထုတ်မှာက အခုလာမည့် Server Time 00:00 ဖြစ်တဲ့ အချိန်မှပါ။  ဒီနေ့အတွက် ထုတ်ခွင့်ပေးချိန်မှာ Payment Method ကို ရွေးခိုင်းတဲ့ Page ပေါ်အလာကို အချိန်မဆိုင်းသိနိုင်ဖို့ F5 Key လေးကို နှိပ် နှိပ်ပေးပါ။

ကျွန်တော်ကတော့ 23:59:56 လောက်ကိုမှန်းပြီး F5 Key ကိုနှိပ်လိုက်ပါတယ်။ Server time 00:00 ပြည့်ပြည့်ချင်းမှာပဲ အောက်ပါပုံအတိုင်း Payment Method ရွေးခိုင်းတဲ့ page တက်လာပါတယ်။
ကျွန်တော် ထည့်ထားတာက paypal Email တစ်ခုတည်းထည့်ထားလို့များလားတော့မသိပါဘူး။ Payment Method က paypal တစ်ခုထဲရှိပါတယ်။ paypal icon ပေါ်ကိုနှိပ်လိုက်ပါတယ်။
အခုလို ပြန်လည်စစ်ဆေးဖို့ page တက်လာပါတယ်။ ကျွန်တော်ထုတ်လို့တဲ့ အကောင့်ကို အစကတည်းက ရွေးချယ်ထားပြီးဖြစ်လို့ ဘာမှ စဉ်းစားမနေပါဘူး။ Send ကိုနှိပ်လိုက်ပါတယ်။

အခုလို ငွေထုတ်တာပြီးစီးပြီဆိုတဲ့ အကြောင်း Message တက်လာပါမယ်။ ငွေထုတ်တာပြီးပါပြီ။


ကွန်တော့် paypal အကောင့်ထဲဝင်ကြည့်လိုက်တော့ The-bux က ပို့လိုက်တဲ့ငွေ ချက်ချင်းရောက်နေတာ ခုလိုတွေ့ရပါတယ်တယ်။


PTC ညီအကိုများအတွက် ကျွန်တော် ကြုံတွေ့ လုပ်ကိုင်ခဲ့တာလေး နည်းနည်း မျှဝေပါအုံးမယ်။

၁။ အကောင့် လုပ်ချိန်တုန်းက ကျွန်တော်သုံးနေတဲ့ IP ကနေ အခြားတစ်ယောက် အကောင့်လုပ်ပြီးဖြစ်နေလို့ Hotspot Shield  နဲ့ IP ကျော်ပြီး အကောင့်လုပ်ခဲ့ပါတယ်။

၂။ The-bux ထဲကို မြန်မာIP နဲ့ တိုက်ရိုက် Paypal ကနေ ငွေထည့်ဖူးပါတယ်။ Paypal အကောင့်ကို ထိန်းသိမ်းခံလိုက်ရပါတယ်။

၃။  Hotspot Shield ကိုသုံးပြီး ငွေထည့်ရာမှာတော့ အဆင်ပြေပြေ ထည့်လို့ရခဲ့ပါတယ်။

၎။ ငွေထုတ်တဲ့အခါမှာလဲ Hotspot Shield ကိုသုံးပြီး ငွေထုတ်တာ အောင်မြင်စွာထုတ်ယူနိုင်ခဲ့ပါတယ်။

၅။ (update ) Thebux က RR တွေကို Autopay ဖွင့်တာ ပိတ်တာနဲ့ ပတ်သတ်လို့ စိတ်မရဲဖြစ်နေတဲ့ ညီကိုတွေကို အကြံလေးပေးချင်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလစ်တာက တစ်နေ့ကို ၅၀ ၀န်းကျင်မှာပဲကလစ်ခွင့်ရတာပါ။ အများဆုံး ၁၀၀ ထားပါတော့။ ရိုးရိုး မန်ဘာအနေနဲ့ အဲဒီ ကြော်ငြာ အခု ၁၀၀လောက်ကြည့်တာနဲ့ တစ်နေ့ ၁ဒေါ်လာရဖို့ မဖြစ်နိုင်ပါဘူး RR များများရှိမယ်ဆိုရင်တော့ ရနိုင်ပါတယ်။ PTC ရဲ့ ၀င်ငွေက RR အပေါ်မှာ မူတည်နေပါတယ်။ အဲဒီတော့ RR များများဝယ်ရမယ်။ RR များရုံနဲ့လဲ မဖြစ်သေးဘူး အဲဒီ RR တွေ အသက်ရှည်ဖို့ကလဲ လိုသေးတယ်။ 
RR အသက်ရှည်ဖို့က Autopay ဖွင့်ထားမလား။ ဒါမှမဟုတ် ကိုယ်တိုင်ပဲ လတိုးတိုး တိုးပေးမလား။
Autopay ကနေ တိုးပေးရင် 10% သက်သာပါတယ်။ ကိုယ်တိုင် လတိုးတိုးမယ်ဆိုရင် ၆လစာတိုးနိုင်မှ Autopay ရဲ့ ၁၀% နဲ့ ညီမျှပါတယ်။ ၈လစာတိုးနိုင်မှ Autopay ထက် 5% ပိုပြီးသက်သာမှာပါ။ ရိုးရိုး မန်ဘာတွေအတွက်က RR တွေဆီက အမြတ်ဆိုတာ သက်တမ်းတိုးတဲ့ % ပါပဲ။ ကိုယ်တိုင်တစ်လချင်းတိုးမယ်ဆိုရင် RR တွေဆီက ရမယ့်အမြတ် % မရှိသလောက်ဖြစ်သွားပါမယ်။ 
ကျနော့်မှာ RR 179 ရှိပါတယ်။ Autopay ဖွင့်ထားပါတယ်။ နေ့စဉ် point လဲပါတယ်။ အမြတ်အစွန်းလဲ ထိုက်သင့်သလောက်ရ RRတွေလဲ အသက်ရှည်ပါတယ်။ အဲဒီလိုဖြည်းဖြည်းချင်းစုလာတာ RR 50 ကနေ အခု 200 ဖြစ်လာပါပြီ။ ကိုယ်တိုင် paypal နဲ့ ထည့်ပြီး ၀ယ်တာ RR 50 ပဲရှိပါတယ်။ ကျန်တာတွေက သု့ဒုတ်နဲ့ သူ့ ပြန်ရိုက်ထားတာပါ။


Last Update = Thebux က မြန်မာ အိုင်ပီနဲ့ ငွေထုတ်လို့ ရပါတယ်။