Pages

Thursday, November 28, 2013

Freedom ကို အဆင်ပြေပြေ အသုံးပြုနိုင်ဖို့

freedom အသုံးပြုတာနဲ့ ပတ်သတ်လို့ တစ်ချို့တွေမှာ အဆင်မပြေကြဘူးလို့ ကြားရပါတယ်။ ကျွန်တော်လဲ freedom ကို နေ့တိုင်းသုံးနေတာ အဆင်ပြေပါတယ်။ ဘယ်လိုများ အဆင်မပြေကြပါလိမ့်လို့ စဉ်းစားကြည့်တဲ့ အခါ အဖြေ ၄မျိုးထွက်လာပါတယ်။

၁။ အင်တာနက် လိုင်းမကောင်းချိန်မှာ သုံးနေလို့။
၂။ proxy setting မှားနေလို့။
၃။ freedom version out date ဖြစ်နေလို့။
၎။ freedom က ခွင့်ပြုထားတဲ့  bandwidth ထက် ပိုသုံးနေလို့။

၁။ အင်တာနက် လိုင်းမကောင်းချိန်မှာ သုံးနေရင်တော့ freedom က အဆင်မပြေပါဘူး။ အဲဒါကြောင့် freedom ကို သုံးတော့မယ်ဆိုရင် အင်တာနက်လိုင်း အသင့်အတင့်ကောင်းနေချိန်ကို ရွေးခြယ်သုံးပါ။
အထူးသဖြင့် paypal and payza သုံးတော့မယ်ဆိုရင် အင်တာနက်လိုင်းက ပုံမှန်အတိုင်းကောင်းမွန်နေမှ အဆင်ပြေပါမယ်။ အင်တာနက် လိုင်းမကောင်းလို့ ခဏခဏ try နေရရင် paypal and payza account limited ဖြစ်သွားတတ်ပါတယ်။

၂။ proxy setting မှားနေရင်လဲ proxy မပြောင်းပဲ မြန်မာအိုင်ပီနဲ့ ဖြစ်နေပြီး လိုရာခရီး မပြီးပဲ ဖြစ်နေမှာပါ။ အဲဒါကြောင့် proxy setting အတွက် ဒီနေရာမှာ လေ့လာပါ။

၃။  freedom version out date ဖြစ်နေရင်လဲ အဆင်ပြေပြေသုံးစွဲနိုင်မှာမဟုတ်ပါဘူး။ freedom version out date ဖြစ်နေသလား ဆိုတာ သိဖို့ freedom မသုံးသေးခင် အားလပ်ချိန်မှာ စစ်ဆေးထားဖို့လိုပါတယ်။ အဲဒီလိုမစစ်ဆေးမိရင်ခဲ့ ရင် freedom သုံးနေချိန်မှာ version update download လုပ်ဖို့ သတိပေးစာ တွေ့ရပါမယ်။ အဲလိုတွေ့ရရင်တော့ ဆက်မသုံးပါနဲ့တော့ အဆင်ပြေမှာ မဟုတ်တော့ပါဘူး။ freedom version up date လုပ်ပြီးမှ ဆက်သုံးပါ။

စစ်ဆေးရန်အတွက်  freedom ကို ဖွင့်လိုက်ပါ။ Update ? ကိုနှိပ်ပါ။


အောက်ပါအတိုင်း box တစ်ခုကျလာပါမယ်။ ရှေ့သို့ ကိုနှိပ်လိုက်ပါ။


 အောက်ပါအတိုင်းနောက်ထပ်box တစ်ခုပေါ်လာပါမယ်။ your installation is outdated ဆိုရင်တော့ freedom version out date ဖြစ်နေပါပြီ။ download ကိုနှိပ်ပြီး version အသစ်ကို ဒေါင်းလိုက်ပါ။ ဒေါင်းထားတဲ့ version အသစ်က C:\ Users\ username\ AppData\ Local\ temp  အောက်မှာရောက်သွားပါတယ်။


အောက်ပါအတိုင်း new version ကို ဒေါင်းပါလိမ့်မယ်။


 အောက်ပါတိုင်း တွေ့ရရင်တော့ install ကိုနှိပ်လိုက်ပါ။


ကျနော်မှာတော့ အောက်ပါအတိုင်း installation failed ဖြစ်သွားပါတယ်။ 


အဲဒါကြောင့် download file ရှိတဲ့နေရာ  C:\ Users\ username\ AppData\ Local\ temp ကို အောက်ပါအတိုင်းသွားပီ Install လုပ်ပါတယ်။


Install လုပ်ပြီး update ဖြစ်မဖြစ် ပြန်စစ်ကြည့်ပါ။  အောက်ပါအတိုင်း your installation is up to date လို့ တွေ့ရင် update လုပ်တာအောင်မြင်ပါပြီ။


အခုလို တိုက်ရိုက်ဒေါင်းဖို့ အင်တာနက်လိုင်းအဆင်မပြေတဲ့ သူတွေအတွက် Freedom Update ဆိုပြီး ကျနော်အမြဲတင်ပေးထာပါတယ်။

၎။ freedom က ခွင့်ပြုထားတဲ့  bandwidth ထက်ပိုသုံးမိနေရင် လိုင်းက အတော်ကြီးကိုလေးသွားတာပါ။ တစ်ခါတစ်လေ ဘာမှ အလုပ်မလုပ်တာ့တဲ့အထိ ဖြစ်သွားတတ်ပါတယ်။

freedom က ခွင့်ပြုထားတဲ့  bandwidth ကို အောက်မှာ လေ့လာကြည့်ပါ။


freedom က free account အတွက် bandwidth က 64kbit/s ထိပဲ သုံးခွင့်ပေးထာပါတယ်။ အဲဒါကြောင့် freedom နဲ့ သုံးတဲ့အခါ ဆိုက်တစ်ခုထက်ပိုမသုံးသင့်ပါဘူး။ PTC site ဆိုတော့ ပိုဆိုးပါတယ်။ မူရင်း PTC site က တစ်ခု၊ ကြော်ငြာ ဆိုက်ကတစ်ခု အဲဒီအထဲမှာ Gif ပုံတွေ Video တွေပါလာရင် bandwidthကို တော်တော်စားသွားပါတယ်။ အဲဒါကြောင့် freedom နဲ့ proxy ကျော်သုံးတဲ့ အခါ ဆိုက်တစ်ခုထက် ပိုမဖွင့်ပါနဲ့။
အဲဒါဆိုရင် freedomကို အဆင်ပြေပြေ သုံးနိုင်ပြီလို့ ယူဆပါတယ်။
အားလုံး အဆင်ပြေကြပါစေ..။



Wednesday, November 27, 2013

PTCRS က ငွေထုတ်မယ်

ခုတလော PTC site အသစ်တွေ ပေါများလာသလို ငွေပေးတာတွေရော မပေးတာတွေပါ စုံနေအောင်တွေ့နေရပါတယ်။ ဆိုက်အဟောင်းတွေ ကမောက်ကမဖြစ်နေသလို ဆိုက်အသစ်တွေ အာပလာဖြစ်ကုန်တာလဲ မနည်းပါဘူး။ အဲဒီအထဲက ဆိုက်အသစ်ဖြစ်တဲ့ ငွေအမှန်တကယ်ပေးတယ်လို့ နာမည်ရနေတဲ့ PTCRS ကနေ မနေ့က  ငွေစမ်းထုတ်ကြည့်လိုက်တာ ချက်ချင်းရပါတယ်။ probux လို ငွေထုတ်ဖို့ အိုင်ပီကျော်နေစရာမလိုပါဘူး။  မြန်မာ အိုင်ပီနဲ့ပဲ ထုတ်လိုက်တာချက်ချင်းရခဲ့ပါတယ်။ ငွေရောက် မရောက် payza ထဲဝင်ကြည့်တဲ့ အခါမှာတော့ freedom နဲ့ Proxy ကျော်ပြီး ၀င်ကြည့်ခဲ့ပါတယ်။

အကောင့်လုပ်မယ်ဆိုရင် အောက်က ပုံလေးကို နှိပ်ပြီး အကောင့်လုပ်နိုင်ပါတယ်။

PTCRS ရဲ အားနည်းချက်က

ဆိုက်အတက်လေးပါတယ်။ login လုပ်တဲ့ အခါမှာ IP ဘာညာပြောပေမယ့် နှစ်ခါ သုံးခါ ၀င်လိုက်ရင် ရသွားပါတယ်။ paypal နဲ့ ငွေထုတ်လို့ မရသေးပါဘူး။ ဆိုက်တည်ထောင်တဲ့ သက်တမ်း နုပါသေးတယ်။



PTCRS ရဲ့ အားသာချက်က
RR တွေက ၁၀၀% လောက် အလုပ်လုပ်ပါတယ်။ RR 1 ယောက်ကို 0.15 ရှိပြီး တစ်ခါငှါးရင် အနည်းဆုံး RR 5 ယောက် 0.75 နဲ့ ငှါးလို့ရပါတယ်။ ငွေထုတ်တဲ့ အခါ ip ကျော်စရာမလိုပဲ မြန်မာ အိုင်ပဲနဲ့ တိုက်ရိုက်ထုတ်လို့ရပါတယ်။ ADGRID (မဲနှိုက်တဲ့) ကလစ်တစ်ချက်ကို Point တစ်ခုအဖြစ် သတ်မှတ်ပေးပါတယ်။

ကြော်ကြည့်တဲ့အခါ unlock ကြော်ငြာတစ်ခုကို အလကားကြည့်ပေးပြီးမှ ကျန်တဲ့ ကြော်ငြာတွေကို ဆက်ကြည့်လို့ရပါတယ်။
အကောင့်မလုပ်ရသေးရင်တော့ ဒီမှာ ကလစ်ပြီး  DR လေး မစသွားပါအုံး။



Monday, November 4, 2013

ကျွန်တော်အကြိုက် PTC site


ကျွန်တော့်အကြိုက် PTC site တွေကတော့ ငွေပေးခြင်း မပေးခြင်းအပေါ်မူတည်ပြီး ပြောင်းလဲနေပါတယ်။ အစပိုင်းမှာ ငွေပေးပြီး နောက်ပိုင်မှ ငွေမပေးတော့တဲ့ဆိုက်တွေလဲ ရှိပါတယ်။ အဲကြောင့် ဆက်လက်လုပ်ကိုင်ဖို့ မသင့်တော့ရင် အမြန်ဆုံး ပြောင်းလဲလိုက်တာ အကောင်းဆုံးပါပဲ။ အောက်ပါ ဆိုက်တွေကတော့ အခုချိန်ထိ ငွေထုတ်ပေးနေပါသေးတယ်။ စိတ်ချ လက်ချ လုပ်ကိုင်နိုင်ကြပါတယ်။
ကျွန်တော်တို့ တတွေက PTC Site တွေ အများကြီးလုပ်ထားပြီး ဟို ဆိုက်မကလစ်မိ ဒီဆိုက်လဲ မေ့နဲ့ ဆိုတော့ တစ်နေ့ တစ်နေ့ ပုံမှန်ကလစ်မိတဲ့ ဆိုက်ရယ်လို့ တိတိကျကျ မရှိရင် အိပ်ပေါက်နဲ့ ဖားကောက်သလိုဖြစ်နေမှာပါ။ အဲဒါကြောင့် အကြမ်းမျဉ်းပြောပြပါမယ် ပင်တိုင် စိတ်ကြိုက်ဆိုက်တွေရွေးထားရပါမယ်။ အဲဒီထဲကမှ အကြိုက်ဆုံးဆိုပြီး ထပ်ခွဲပါ။ အဲဒီအကြိုက်ဆုံးဆိုက်တွေကို တစ်ခြားဆိုက်တွေက ရတဲ့ ပိုက်ဆံတွေနဲ့ Referrals တွေဝယ်ပါမယ် ။ account upgrade လုပ်ပါမယ်။ အဲဒီအတွက် paypal or payza အကောင့်တစ်ခုခု လိုပါမယ်။
ကျနော်တော့ အခု probux ကို သဘောကျနေတယ်။ အဲဒီမှာ နည်းနည်းချင်း ငွေထည့်ပြီး လှုပ်ရှားနေတယ်ဆိုပါတော့ဗျာ။


 




                                                                                4 Cashnhits





 









တော်ပြီပေါ့ ဒီလောက်ဆို အများကြီးလုပ်ရင် ကိုယ့် တကယ်လက်ငင်းငွေပေးနေတဲ့ အလုပ်တွေ ပစ်ထားရလိမ့်မယ်။

အရံဆိုက်တွေကတော့ မိတ်ဆွေတို့ စိတ်ကြိုက် Referrals တွေပြန်ဝယ်မလား မ၀ယ်ပဲနဲ့ ကိုယ်အကြိုက်ဆုံး ဆိုက်ကို ထည့်မလား ကိုယ်တိုင်သာဆုံးဖြတ်ကြပါဗျာ။
ကျားကြီးရင် ခြေရာကြီးပါတယ်။

Friday, November 1, 2013

SilverClix ကနေ ငွေထုတ်မယ်

ခုတလော PTC Site အသစ်တွေ မှိုလိုပေါက်လာသလို Scam ဆိုက်ဖြစ်သွားတာတွေလဲ ဒုနဲ့ဒေးတွေ့နေရပါတယ်။ အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းကိုတဲ့တလည်လည်ဆိုတာလို PTC Site အဟောင်းတွေက ဟောင်းပေမယ့် ကောင်းနေဆဲဆိုတာကို သိလာရပါတယ်။ ငွေပေးမှန်တယ်။ ကြော်ငြာတွေပေးတာမှန်တယ်။ အပြောင်းအလဲမများဘူး။ RR တွေ နေ့တိုင်းအလုပ်လုပ်တယ် AVG 2.0 အထက်မှာ အမြဲတမ်းရှိနေတယ်။ RR Recycle ကို Free လုပ်ခွင့်ရတယ်။ 1 လစာ သက်တမ်းတိုးတာကို 5% ခံစားခွင့်ပေးတယ်။ ကြော်ငြာကြည့်တဲ့အချိန်မှာ IP တူလို့ ကြည့်မရတဲ့ ပြဿနာမရှိဘူး။ point 1000 ကို $1 နဲ့ အညီအမျှ  (အနည်းဆုံး point 10 = 0.01) လဲလို့ရတယ်။ ငွေထုတ်တဲ့အခါမှလဲ သူစောင့်ခိုင်းတဲ့ ရက်ထက် မကြာစေရဘူး။ မြန်မာအိုင်ပီနဲ့ အကောင့်လုပ်ပြီး မြန်မာအိုင်ပီနဲ့ ကလစ် မြန်မာအိုင်ပီနဲ့ ငွေထုတ်လို့ရတယ်။ အဲဒီလို အရည်အချင်းနဲ့ပြည့်တဲ့ ဆိုက်ကိုပြပါဆိုရင် SilverClix ကို ချန်ထားခဲ့လို့ မရပါဘူး။Silverclix အမှန်အကန် တည်တည်ငြိမ်ငြိမ်မို့ PTC သမားတိုင်း လုပ်ကိုင်သင့်တဲ့ဆိုက်ပါ။ စိတ်ဝင်စာလို့ အကောင့်လုပ်မယ်ဆိုရင် ဒီလင့်ကနေ အကောင့်လုပ်နိုင်ပါတယ်။

Silverclix ကနေ မြန်မာအိုင်ပီနဲ့  ငွေထုတ်ခဲ့ပုံလေးကို အောက်မှာပုံနဲ့တကွ တင်ပြလိုက်ပါတယ်။
 Oct 27 နေ့က ငွေထုတ်ခဲ့တာပါ။




Oct 31 ရက်နေ့မှာ ငွေ ထုတ်ပေးပါတယ်။


paypal ထဲဝင်ကြည့်တော့ အခုလိုငွေရောက်နေတာတွေ့ရပါတယ်။


SilverClix က လဲ ယုံစွာကလစ်သင့် ဆိုက်တစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။