Pages

Thursday, October 3, 2013

Freedom အသုံးပြုနည်း

ဖရီးဒမ်းကိုအသုံးပြုဖို့ Freedom အကောင့်ရှိရပါမယ်။ အကောင့်လုပ်နည်းကို ဒီမှာ ရေးထားပြီးပါပြီ။ဒီမှာတော့ ဖရီးဒမ်း အသုံးပြုနည်းကိုပဲ သီးသန့်ပြောသွားပါမယ်။
ဖရီးဒမ်းအသုံးပြုဖို့ ဖရီးဆော့ဝဲကိုဖွင့်လိုက်ပါ။
 အောက်ပါအတိုင်းတွေ့ရပါမယ်။
 ဒီအဆင့်မှာ နှစ်သက်ရာ ဘာသာစကားကိုရွေးချယ်နိုင်ပါတယ်။ ကျွန်တော်ကတော့ မြန်မာစာ ကိုရွေးလိုက်ပါတယ်။

ဖရီးကို သုံးလက်စဖြစ်နေပြီး အဆင်မပြေသေးသူတွေကတော့ ပြန်ဆင်မှုပြုလုပ်ရန်ကိုနှိပ်ပါ။
အောက်ပါအတိုင်းတွေ့ရပါမယ်။ မသိပါက တဆင့်ချင်းဆီလုပ်ဆောင်ရန်ကို နှိပ်ပါ။
ရှေ့သို့ ကိုနှိပ်ပါ။
ရှေ့သို့ ကိုနှိပ်ပါ။
ရှေ့သို့ ကိုနှိပ်ပါ။
ရှေ့သို့ ကိုနှိပ်ပါ။
ရှေ့သို့ ကိုနှိပ်ပါ။
အောက်ပါအတိုင်း ရှာတွေ့တဲ့ ဆာဗာတွေထဲက နှစ်သက်ရာ ဆာဗာတစ်ခုကိုရွေးပါ။
ဖရီးဒမ်းတွင်ပြုလုပ်ခဲ့သော username and password ကို ရိုက်ထည့်ပါ။
သိမ်းပြီးထွက်ရန်ကိုနှိပ်ပါ။

သိမ်းပြီးထွက်ရန်ကိုနှိပ်ပါ။

ဖရီးဒမ်းအသုံးပြုဖို့ အသင့်အနေအထားရှိနေပါပြီ။ စတင်ဆက်သွယ်ရန်ကိုနှိပ်လိုက်ပါ။
 အောက်ပါအတိုင်း အလိုအလျောက်တက်ရန်ကို အမှန်ခြစ်ပေးထားပါ။
အောက်ပါ အတိုင်းတွေ့ရလျင် ဖရီးဒမ်းဆော့ဝဲ နဲ့ ဖရီးဒမ်းဆာဗာတို့ အဆင်ပြေပြေ ချိတ်ဆက်မိပါပြီ။
 Firefox မှာ ဖရီးဒမ်းနဲ့ အသုံးပြုဖို့ proxy setting ကိုအနည်းနည်းပြောင်းပေးရပါမယ်။

အောက်ပါပုံအတိုက် လိုက်နှိပ်လိုက်ပါ။

အောက်ပါပုံအတိုင်း လိုက်နှိပ်ပါ။


 အောက်ပါပုံအတိုင်း ရွေးချယ်ပြီး HTTP Proxy မှာ127.0.0.1 Port မှာ 8080 လို့ ရှိနေရပါမယ်။
တကယ်လို့ ရှိမနေ့ခဲ့ဘူးဆိုရင် ကိုယ်တိုင် ထည့်ပေးလိုက်ပါ။

 ok နှိပ်လိုက်ပါ။

ဖရီးဒမ်းနှင့် အသုံပြုမည်ဆိုတိုင်း ဒီအခြေအနေရအောင်ပြင်ရပါမယ်။
ပုံမှန် IP အတိုင်းသုံးချင်ရင် No proxy ကိုရွေးပြီး ok နှိပ်ပါ။
နောက်တစ်ခါ ဖရီးဒမ်းနှင့်အသုံးပြုမည်ဆိုလျင် Manual proxy configuration ကိုရွေးပါ။ ok နှိပ်ပါ။

ဖရီးဒမ်း အိုင်ပီလား ပုံမှန်အိုင်ပီလား သိနိုင်ဖို့  အောက်ပါ ၀က်ဆိုက်ဖြင့်စမ်းသပ်နိုင်ပါတယ်။

http://whatismyipaddress.com/
 
ကျွန်တော်ကတော့ဖရီးဒမ်းနဲ့ သုံးမယ့်ဆိုက်တွေကို Firefox မှာဖွင့်ပြီးကလစ်နေတဲ့ အချိန်မှာ 
Chrome ကိုမြန်မာအိုင်ပီနဲ့ဖွင့်ပြီး ကျန်တဲ့ မြန်မာအိုင်ပီနဲ့ အဆင်ပြေတဲ့ ဆိုက်တွေကိုသုံးပါတယ်။
စက်တစ်လုံးထဲမှာ အိုင်ပီနှစ်ခုကို browser နှစ်ခု နဲ့ ခွဲသုံးပါတယ်။ လုံးဝအဆင်ပြေပါတယ် ခင်ဗျာ။

 မှတ်ချက်
ဆိုက်တစ်ခုထဲကို အကောင့်နှစ်ခုလုပ်ပြီး ခွဲသုံးတာမဟုတ်ပါ။








မြန်မာကနေ Neobux က ငွေထုတ်မယ်

 ကျွန်တော့်လို မြန်မာချစ်စိတ်နဲ့ (ခတ်တည်တည်ပဲ) မြန်မာအိုင်ပီကို သုံးပြီး Neobux အကောင့်လုပ်ထားတဲ့ ညီကိုများအတွက် သတင်းကောင်းလေးပါဗျာ။

မြန်မာကနေ အကောင့်လုပ်ထားတဲ့ ကျွန်တော့်ရဲ့ Neobux ထဲက ငွေထုတ်ဖို့ your payment ကိုနှိပ်တော့ ကျွန်တော်တို့ မြန်မာကို paypal က အရေးမလုပ်လို့ ဆိုပြီး Neobux ကလဲ ငွေထုတ်ခွင့်မပေးပါဘူး။ အဲဒီတော့ ကြံရပြီပေါ့ IP ပြောင်းပြီး ထုတ်ကြည့်ပါတယ်၊ မရပါဘူး။ ကိုနိုင်အောင်စိုးနဲ့ တိုင်ပင်ကြည့်တဲ့ အခါ ၇ရက်လောက် IP ပြောင်းသုံးနိုင်ရင်တော့ ထုတ်လို့နိုင်တယ် ဒါပေမယ့်  ဟော့စပေါ့နဲ့ ပြောင်းမယ်ဆို ရင်တော့ မူရင်းနိုင်ငံကို Neobux ကသိနေပါတယ်တဲ့။အကောင့်လုပ်ကတည်းက အခြားနိုင်ငံ IP နဲ့ အကောင့်လုပ်ခဲ့တဲ့ သူတွေကတော့ မြန်မာကနေ IP ပြောင်းပြီး ငွေထုတ်လို့ရပါသတဲ့ဗျာ။ ကျွန်တော့် လို ရွှေမြန်မာ အိုင်ပီနဲ့ အကောင့်လုပ်ခဲ့တဲ့သူတွေကတော့  Neobux က ငွေထုတ်ဖို့ နိုင်ငံခြားတာင် သွားရ မယ့်ကိန်းဆိုက်နေပါတယ်။

 ကျွန်တော်ကိုယ်တိုင် Connection မကောင်းတဲ့ကြားက  ဖရီးဒမ်းကိုသုံးပြီး အပင်ပန်းခံ စမ်းသပ်ခဲ့တာ ခုတော့  နိုင်ငံခြားသွားစရာမလိုတော့ပါဘူး။ Neobuxက မူရင်းနိုင်ငံကို မထောက်လှမ်းနိုင်တော့ပါဘူး။ အဲဒါ ကျွန်တော့်အစွမ်း မဟုတ်ပါဘူးဗျာ ဖရီးဒမ်းရဲ့ အစွမ်းပါ။
ဖရီးဒမ်းကိုသုံးပြီး ၇ရက်လောက်ကလစ်ခဲ့ပါတယ်။ အရင်ကလို သတိရတိုင်းဖွင့်မကြည့်နိုင်တော့ပါဘူး။ အင်တာနက်လိုင်းလေး အတန်အသင့်ကောင်းတဲ့ မနက်လေးနာရီခွဲလောက်ထပြီး အိပ်ချင်မူးတူး နဲ့ ကြော်ငြာတွေကို ကလစ်ခဲ့ရပါတယ်။ တစ်နေ့မှ တကြိမ်ပဲ ဖွင့်ပါတယ်။အခု ၂ဒေါ်လာပြည့်လို့ စမ်းထုတ် ကြည့်တာ ဖရီးဒမ်းနဲ့ သုံးတာ ၇ရက်အလွန် ၈ရက်မြောက်နေ့မှာ paypal နဲ့ အောင်မြင်စွာ ငွေထုတ်လို့ ရခဲ့ပါတယ်။ ကျွန်တော်ငွေထုတ်ခဲ့တဲ့ ပုံလေး တွေ ကို အောက်မှာ တင်ထားပါတယ်။

အောက်ပါပုံက ၅ရက်မြောက်နေ့က ရိုက်ထားတာပါ။ ၇ရက်မပြည့်သေးလို့ ငွေထုတ်တာမအောင်မြင်ခဲ့ပါဘူးဗျာ။




၅  ၆ ၇ မြောက်တဲ့နေ့အထိ ဒီအဆင့်မှာတင် ရပ်သွားပါတယ်ဗျာ။ ၈ ရက်မြောက်နေ့မှ အောက်ပါ ကျက် သရေရှိလှတဲ့ ပုံလေးကို တွေ့ရပါတယ်။

ဒါကတော့ ကျွန်တော် paypal ထဲကို အမှန်တကယ်ငွေရောက်လာတဲ့ သက်သေလေးပါပဲ။

X လက်ဆောင် X
xxxxxxxxxxxxx
မြန်မာအိုင်ပီနဲ့ noebux အကောင့်လုပ်ခဲ့လို့ စိတ်ညစ်စရာ မလိုတော့ပါဘူး ညီကိုတို့ရေ ကယ်တင်ရှင် ဖရီးဒမ်းရှိပါတယ်။ ဖရီးဒမ်းကိုအသုံးမပြုတတ်သေးတဲ့ ညီကိုများအတွက် ဖရီးဒမ်းအသုံးပြုနည်း တင်ပေးသွားပါမယ်ဗျာ။

neobux အကောင့်မလုပ်ရသေးရင် IP ကြော်ပြီး အကောင့်လုပ်ထားစေချင်ပါတယ်။ IP ကျော်ပြီး အကောင့်လုပ်ထားတဲ့သူတွေက မြန်မာအိုင်ပီနဲ့ ကလစ်ပြီး ငွေထုတ်ချင်တော့မှ IPကျော်ပြီး ငွေထုတ်ရင် ၇ရက်ပြည့်အောင်စောင့်စရာမလိုပဲ လွယ်လွယ်ထုတ်ယူလို့ ရတယ်လို့ ကြားသိထားရပါတယ်။

အကောင့်မလုပ်ရသေးရင် ဒီလင့်ကနေ အကောင့်လုပ်ပြီး DR လေးမစသွားပါအုံးဗျာ။