Pages

Wednesday, September 18, 2013

The-bux ကနေ ငွေထုတ်မယ်

The-bux က တစ်နေ့တာရဲ့ အများဆုံး ငွေထုတ်လို့ရတာက $550 ပဲခွင့်ပြုထားပါတယ်။
တစ်နေ့ တစ်နေ့ ငွေထုတ်ဖို့ စောင့်နေကြတဲ့ မန်ဘာတွေကလည်း အများကြီးပါ။ Server time 00:00 ဖြစ်တဲ့ အချိန်လေးမှာပဲ လုထုတ်ကြရတော့ ဘယ်အချိန်ကြည့်ကြည့် $550 က ထုတ်ပြီးသားဖြစ်နေပါတယ်။ အဲဒါကြောင့် ကျွန်တော်လဲ Server time 00:00 ဖြစ်တဲ့ မြန်မာစံတော်ချိန် နံနက် ၆း၁၀ နာရီခန့် အချိန်ကိုစောင့်ပြီး ငွေစမ်းထုတ်ခဲ့ပါတယ်။ ငွေအများကြီးရနေလို့တော့မဟုတ်ပါဘူး။  ကျွန်တော်တို့လို မြန်မာကနေ The-bux မှာ ကလစ်နေကြတဲ့ ညီအကိုတွေအတွက် အချိန်ကုန်လူပမ်းသက်သာအောင် ယုံကြည်စိတ်ချစွာ ကလစ်နိုင်အောင် ငွေစမ်းထုတ်ခဲ့ပါတယ်။
အောင်မြင်စွာထုတ်ယူနဲ့ခဲ့ပါတယ်။ 
The-bux ဆိုက်က မြန်မာကနေငွ ကလစ်ချင်သူတွေအတွက် ရွေးချယ်ပြီး လုပ်ကိုင်သင့်တဲ့ ဆိုက်တစ်ခုဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါတယ်။ အကောင့်မလုပ်ရသေးရင်  ဒီမှာ လုပ်နိုင်ပါတယ်။

Thebux  ကနေ ငွေထုတ်ပုံက ဒီလိုပါ။
The-bux ရဲ့ အနည်းဆုံး ထုတ်လို့ရတာက $3 ပါ။ Account Balance မှာ $3 ရှိရင် ငွေစထုတ်လို့ရပါပြီ။

ငွေထုတ်မယ်ဆိုရင် The-bux ရဲ့ Server time 00:00 မဖြစ်ခင် မြန်မာစံတော်ချိန် နံနက် ၆း၀၀ လောက်ကတည်းက ငွေထုတ်တဲ့ Withdraw ကို နှိပ်ထားလိုက်ပါ။
 Withdraw Page ကို ရောက်ရင် အခုလို ငွေအများဆုံးထုတ်လို့ရတဲ့ limits ပြည့်နေပြီဆိုတဲ့ စာသားပေါ်နေပါမယ်။ ကိစ္စမရှိပါဘူး။ ဒါက မနေ့က ကုန်နေခဲ့တာပါ။ ကျွန်တော်တို့ ထုတ်မှာက အခုလာမည့် Server Time 00:00 ဖြစ်တဲ့ အချိန်မှပါ။  ဒီနေ့အတွက် ထုတ်ခွင့်ပေးချိန်မှာ Payment Method ကို ရွေးခိုင်းတဲ့ Page ပေါ်အလာကို အချိန်မဆိုင်းသိနိုင်ဖို့ F5 Key လေးကို နှိပ် နှိပ်ပေးပါ။

ကျွန်တော်ကတော့ 23:59:56 လောက်ကိုမှန်းပြီး F5 Key ကိုနှိပ်လိုက်ပါတယ်။ Server time 00:00 ပြည့်ပြည့်ချင်းမှာပဲ အောက်ပါပုံအတိုင်း Payment Method ရွေးခိုင်းတဲ့ page တက်လာပါတယ်။
ကျွန်တော် ထည့်ထားတာက paypal Email တစ်ခုတည်းထည့်ထားလို့များလားတော့မသိပါဘူး။ Payment Method က paypal တစ်ခုထဲရှိပါတယ်။ paypal icon ပေါ်ကိုနှိပ်လိုက်ပါတယ်။
အခုလို ပြန်လည်စစ်ဆေးဖို့ page တက်လာပါတယ်။ ကျွန်တော်ထုတ်လို့တဲ့ အကောင့်ကို အစကတည်းက ရွေးချယ်ထားပြီးဖြစ်လို့ ဘာမှ စဉ်းစားမနေပါဘူး။ Send ကိုနှိပ်လိုက်ပါတယ်။

အခုလို ငွေထုတ်တာပြီးစီးပြီဆိုတဲ့ အကြောင်း Message တက်လာပါမယ်။ ငွေထုတ်တာပြီးပါပြီ။


ကွန်တော့် paypal အကောင့်ထဲဝင်ကြည့်လိုက်တော့ The-bux က ပို့လိုက်တဲ့ငွေ ချက်ချင်းရောက်နေတာ ခုလိုတွေ့ရပါတယ်တယ်။


PTC ညီအကိုများအတွက် ကျွန်တော် ကြုံတွေ့ လုပ်ကိုင်ခဲ့တာလေး နည်းနည်း မျှဝေပါအုံးမယ်။

၁။ အကောင့် လုပ်ချိန်တုန်းက ကျွန်တော်သုံးနေတဲ့ IP ကနေ အခြားတစ်ယောက် အကောင့်လုပ်ပြီးဖြစ်နေလို့ Hotspot Shield  နဲ့ IP ကျော်ပြီး အကောင့်လုပ်ခဲ့ပါတယ်။

၂။ The-bux ထဲကို မြန်မာIP နဲ့ တိုက်ရိုက် Paypal ကနေ ငွေထည့်ဖူးပါတယ်။ Paypal အကောင့်ကို ထိန်းသိမ်းခံလိုက်ရပါတယ်။

၃။  Hotspot Shield ကိုသုံးပြီး ငွေထည့်ရာမှာတော့ အဆင်ပြေပြေ ထည့်လို့ရခဲ့ပါတယ်။

၎။ ငွေထုတ်တဲ့အခါမှာလဲ Hotspot Shield ကိုသုံးပြီး ငွေထုတ်တာ အောင်မြင်စွာထုတ်ယူနိုင်ခဲ့ပါတယ်။

၅။ (update ) Thebux က RR တွေကို Autopay ဖွင့်တာ ပိတ်တာနဲ့ ပတ်သတ်လို့ စိတ်မရဲဖြစ်နေတဲ့ ညီကိုတွေကို အကြံလေးပေးချင်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလစ်တာက တစ်နေ့ကို ၅၀ ၀န်းကျင်မှာပဲကလစ်ခွင့်ရတာပါ။ အများဆုံး ၁၀၀ ထားပါတော့။ ရိုးရိုး မန်ဘာအနေနဲ့ အဲဒီ ကြော်ငြာ အခု ၁၀၀လောက်ကြည့်တာနဲ့ တစ်နေ့ ၁ဒေါ်လာရဖို့ မဖြစ်နိုင်ပါဘူး RR များများရှိမယ်ဆိုရင်တော့ ရနိုင်ပါတယ်။ PTC ရဲ့ ၀င်ငွေက RR အပေါ်မှာ မူတည်နေပါတယ်။ အဲဒီတော့ RR များများဝယ်ရမယ်။ RR များရုံနဲ့လဲ မဖြစ်သေးဘူး အဲဒီ RR တွေ အသက်ရှည်ဖို့ကလဲ လိုသေးတယ်။ 
RR အသက်ရှည်ဖို့က Autopay ဖွင့်ထားမလား။ ဒါမှမဟုတ် ကိုယ်တိုင်ပဲ လတိုးတိုး တိုးပေးမလား။
Autopay ကနေ တိုးပေးရင် 10% သက်သာပါတယ်။ ကိုယ်တိုင် လတိုးတိုးမယ်ဆိုရင် ၆လစာတိုးနိုင်မှ Autopay ရဲ့ ၁၀% နဲ့ ညီမျှပါတယ်။ ၈လစာတိုးနိုင်မှ Autopay ထက် 5% ပိုပြီးသက်သာမှာပါ။ ရိုးရိုး မန်ဘာတွေအတွက်က RR တွေဆီက အမြတ်ဆိုတာ သက်တမ်းတိုးတဲ့ % ပါပဲ။ ကိုယ်တိုင်တစ်လချင်းတိုးမယ်ဆိုရင် RR တွေဆီက ရမယ့်အမြတ် % မရှိသလောက်ဖြစ်သွားပါမယ်။ 
ကျနော့်မှာ RR 179 ရှိပါတယ်။ Autopay ဖွင့်ထားပါတယ်။ နေ့စဉ် point လဲပါတယ်။ အမြတ်အစွန်းလဲ ထိုက်သင့်သလောက်ရ RRတွေလဲ အသက်ရှည်ပါတယ်။ အဲဒီလိုဖြည်းဖြည်းချင်းစုလာတာ RR 50 ကနေ အခု 200 ဖြစ်လာပါပြီ။ ကိုယ်တိုင် paypal နဲ့ ထည့်ပြီး ၀ယ်တာ RR 50 ပဲရှိပါတယ်။ ကျန်တာတွေက သု့ဒုတ်နဲ့ သူ့ ပြန်ရိုက်ထားတာပါ။


Last Update = Thebux က မြန်မာ အိုင်ပီနဲ့ ငွေထုတ်လို့ ရပါတယ်။


Saturday, September 14, 2013

Reffbux ကနေ ငွေထုတ်မယ်

 Reffbux ကနေ ငွေထုတ်မယ်လို့ လွန်ခဲ့ တဲ့ သုံးရက်လောက်ကတည်းက အိပ်မက် မက်နေခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ Reffbux က အင်ဆိုက်ကြီးလို့ ပြောနေကြတယ်။ ငွေပေးတာကလဲ ကောင်းတော့ လက်လွှတ်ရမှာ နှမျောနေမိလို့။ ဘာပဲဖြစ်ဖြစ် ၂ဒေါ်လာရအောင်တော့ ကလစ်မယ် ပြီးရင်ငွေထုတ်ကြည့်မယ်ဆိုပြီး အားတင်း ကလစ်ခဲ့ရတာလေ။ နောက်တစ်ခုက ကျွန်တော်တို့လိုPTC Site တွေကလစ်နေကြတဲ့ သူငယ်ချင်းတွေအတွက် ငွေထုတ်လို့ရတယ် မရဘူးဆိုတာ ကွဲကွဲပြားပြားသိစေချင်တာကြောင့် အားတင်းကလစ်ခဲ့တာပါ။ ကျွန်တော်စဉ်းစားထားတာက ငွေထုတ်လို့ရတယ်ဆိုရင် သတင်းကောင်း (+) အနေ့နဲ့ ဒီပို့စ်ကိုတင်မယ်၊ ထုတ်လို့မရခဲ့ဘူးဆိုရင် (-) အနေနဲ့ ရှောင်ရှားဖို့တင်မယ်လို့ စိတ်ကူးထားခဲ့တာ ခုတော့ကလစ်ခဲ့ရကျိုးနပ်ခဲ့ပါပြီ။
ဒီနေ့မနက်ကပဲ ၂ဒေါ်လာပြည့်တယ်။ ပြည့်ပြည့်ချင်းပဲ ကျန်တဲ့ဆိုက်တွေပိတ် အိုင်ပီချိန်းပြီး ငွေထုတ်လိုက်တယ်။ ( အိုင်ပီမချိန်းလဲ Reffbux က ငွေထုတ်တာလက်ခံမယ့်ပုံပါ။ နောက်တစ်ခါ အိုင်ပီမချိန်းပဲ ထုတ်ကြည့်မယ်)
ငွေထုတ်ပုံက ဒီလိုပါ


Request payout: ကိုနှိပ်လိုက်ပါ။ (ဒီပုံက ငွေထုတ်ပြီးမှ ရိုက်လိုက်ရလို့ ငွေ မကျန်တော့တာပါ)

 မိမိထုတ်လိုတဲ့ အကောင့်ရွေးပါ။ ကျွန်တော်ကတော့ paypal နဲ့ ထုတ်ယူမှာမို့ paypal ကိုရွေးလိုက်ပါတယ်။

မိမိထုတ်ယူမယ့်  paypal Email ကိုရိုက်ထည့်ပြီး Next ကိုနှိပ်ပါ။
ငွေထုတ်တဲ့လုပ်ငန်းစဉ် ပြီးမြောက်ပါပြီ။ ဘယ်လောက်စောင့်ပါဆိုတဲ့ message ကိုတွေ့ရပါမယ်။


မနက်က ထုတ်ခဲ့တာ ညနေမှာ ငွေလွှဲလိုက်ပြီဆီတဲ့ mail ရောက်လာပါတယ်။


ကျွန်တော့် Paypal အကောင့်ထဲ ၀င်ကြည့်တော့ တကယ်ပို့ထားတာကို အောက်ပါပုံအတိုင်းတွေ့ရပါတယ်။
 

ပျော်လိုက်တဲ့ဖြစ်ခြင်းဗျာ ပိုက်ဆံရလို့မဟုတ်ပါဘူး။ ဒီပို့စ်ကို + အဖြစ်နဲ့ တင်ခွင့်ရတော့မှာမို့ပါ။

ဒီဆိုက်က ငွေပေးတာတော့ ပုံသေမရှိပါဘူး။ တစ်ခါတစ်လေ ကြော်ငြာတစ်ခုကို 0.0195 လောက်ပေးတဲ့အခါလဲပေးပါတယ်။ ဒါပေမယ့် စုပေါင်း တစ်နေ့ကို အနည်းဆုံး 0.06 ရပါတယ်။
နောက်ပြီးတော့ မဲနှိက်တာလဲ ခဏ ခဏပေါက်ပါတယ်။ အဲဒီကလဲ 0.0500 စသဖြင့် ခဏခဏ ပေါက်ပါတယ်။ ကြော်ငြာဘယ်လိုကြည့်ရလဲနဲ့ မဲပေါက်တာလေးတွေ ဒီလင့်မှာ တင်ထားတာရှိပါတယ်။

ဒါကတော့ ကျွန်တော်ဘယ်ကနေ ဘယ်လောက်ငွေရခဲ့တယ်ဆိုတာလေးပါ။

ကဲ အားလုံးပဲ Reffbux ကို ယုံကြည်စိတ်ချစွာနဲ့ ကလစ်ကြပါလို့ ကြေငြာမောင်းခတ်လိုက်ပါတယ်ခင်ဗျားး။

အကောင့်မလုပ်ရသေးဘူးဆိုရင် အောက်က ပုံကိုကလစ်လို့ အကောင့်လုပ်နိုင်ပါတယ်ခင်ဗျာ။

Friday, September 6, 2013

PTC site bookmark လေးလုပ်ထားမယ်

PTC site တွေနဲ့ အွန်လိုင်းငွေရှာသူတွေအတွက် site လိပ်စာတွေမေ့မှာမပူရအောင် bookmark လုပ်နည်းလေးပြောပြပါမယ်။ သိပြီးသားသူတွေအတွက်တော့ အလွယ်လေးတွေကို အချိန်ကုန်ခံပြီး ရေးတယ်လို့ ထင်စရာပါပဲ။ ကျွန်တော်ကတော့ ဘာမှ မသိသေးသူတွေအတွက် အချိန်ကုန်ခံပြီးရေးတာပါ။ ဒီဘလော့မလုပ်ခင်ကလဲ အခက်ခဲလေးတွေကို viber , gtalk , facebook တို့ကနေ ဖြေရှင်းပေးနေခဲ့တာပါ။ လုပ်တတ်သွားပြီ ကျေးဇူးတင်ပါတယ် အဲဒီစကားသံတွေပြန်ကြားရတာနဲ့တင် ၀မ်းအသာကြီး ၀မ်းသာလှပါပြီ။ အဲလိုကူညီပေးလို့ ဘာပြန်ရလဲမမေးပါနဲ့ ဘာမှ ပြန်မရပါဘူး။ ကျွန်တော်တစ်ခါကူညီပေးလိုက်တဲ့သူက သူ့ပတ်ဝန်ကျင်မှာ အလားတူအခက်အခဲတွေဖြစ်လာခဲ့ရင် သေချာပေါက်သူလဲ ပြန်ကူညီပါလိမ့်မယ်။ အဲဒါဆိုရင် ကျွန်တော်ကူညီရကျိုးနပ်ပါပြီ။

လေကြောရှည်နေတာနဲ့ လိုရင်းမရောက်တော့ဘူး။ ပြန်ဆပ်မယ်
 ကျွန်တော်တို့တွေ အင်တာနက်သုံးတဲ့ အခါ ဆိုက်လိပ်စာတွေကို ရိုက်ထည့်ပြီး ၀င်ကြတာများပါတယ်။ gmail , facebook, google, စသဖြင့် ကိုယ်အမြဲသုံးနေတဲ့ လိပ်စာတွေကို အလွတ်ရနေကြပါပြီ။ ဒါပေမယ့် PTC ဆိုက်တွေကိုတော့ အားလုံးမှတ်မိတယ်ဆိုရင်တောင် အဲဒီဆိုက်တွေကို ရိုက်ထည့်ဖို့ အချိန် ထပ်ပေးနေရမှာသေချာပါတယ်။ အဲဒီအချိန်တွေ သက်သာသွားအောင် bookmark လေး လုပ်ထားလိုက်မယ်ဗျာ new tab လေးခေါ်ပြီး ကိုယ်ဝင်ချင်တဲ့ ဆိုက်icon ပေါ်နှိပ် username and password လေးရိုက် ကြော်ငြာကြည့် ဘယ်လောက်သက်သာလိုက်လဲ ဘယ်ဆိုက် မ၀င်ရသေးဘူးလဲ စဉ်စားစရာမလိုတော့ဘူး။ ဆိုက်တွေကို တစ်ခုချင်းစီ တန်းစီနှိပ်သွားရုံပဲ။

ပြုလုပ်ပုံက ဒီလိုပါ bookmarks Toolbar bar တင်ဖို့ menu bar ဖွင့်ထားတယ်ဆိုရင် အောက်ပါပုံအတိုင်း View > bookmarks Toolbar အမှန်ခြစ်ရှိ မရှိစစ်ဆေးပါ။ မရှိရင် တပ်လိုက်ပါ။

menu bar ဖွင့်မထားဘူးဆိုရင်တော့ အောက်ပုံအတိုင်းလိုက်လုက်လိုက်ပါ။
အဲဒါဆိုရင် bookmark bar မှာ PTC site တွေတင်ဖို့ probux ကို နမူနာတင်ပြသွားပါမယ်
ww.probux.com ကိုရိုက်လိုက်ပါတယ်။ login ကိုထပ်နှိပ်ပါတယ်။ နောက်တစ်ခါဖွင့်ရင် ဒီအခြေအနေအတိုင်း တန်းပြီး မြင်ရအောင်လို့ပါ။ အနီဝိုင်းပြထားတဲ့နေရာလေးမှာ နှစ်ချက်နှိပ်လိုက်ပါ။
အောက်ပါပုံအတိုင်း မြင်ရပါမယ် Folder မှာ bookmarks Toolber ကိုရွေးပေးပါ။

Done ကိုနှိပ်လိုက်ပါ bookmark လုပ်တာပြီးသွားပါပြီ။
 bookmarks Toolber ပေါ်မှာ Probux ကိုအခုလိုလေးတွေ့ရပါမယ်။ နောက်တစ်ခါဖွင့်ချင် အဲဒီနေရာလေးမှာ တစ်ချက်နှိပ်လိုက်တာနဲ့ probux ရဲ့ lobin နေရာကို တန်းရောက်သွားမှာပါ။ ကျန်တဲ့ ဆိုက်တွေကိုလဲ အခုလိုလေး လုပ်ထားလိုက်ရင် ဆိုက်တွေမေ့တာတွေလျှော့ကျပြီး အတန်အသင့် အချိန်ကုန်သက်သာသွားမှာပါ။

Thursday, September 5, 2013

အိုင်ပီတူလို့ PTCဆိုက်ဖွင့်မရဖြစ်နေသလား

အိုင်ပီတူလို့ PTC ဆိုက်တွေက အကောင့်ဖွင့်လို့မရတဲ့သူတွေအတွက် တိုက်ရိုက်ရေးထားတာတော့ မဟုတ်ပါဘူး Paypal အကောင့်ဖွင့်ဖို့ ရေးထားတာလေးပါ ။ ဒါပေမယ့် ဘယ်နေရာမှာဖြစ်ဖြစ် ဒီနည်းနဲ့ အလားတူ ပြဿနာလေးတွေ ဖြေရှင်းလို့ရပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Paypal အကောင့်ကို ဖွင့်မယ်ဆိုရင် တိုက်ရိုက်ဖွင့်လို့ မရသေးပါဘူး။ မြန်မာနိုင်ငံ IP address နဲ့ဆိုရင် Paypal အကောင့်ကို ချက်ချင်း Limited လုပ်လိုက်မှာပါ။ မြန်မာကနေ Paypal ကို သုံးချင်တယ်ဆိုရင် Proxy ဆော့ဝဲတွေကို သုံးပြီးတော့မှ ရပါလိမ့်မယ်။ အခု ဒီမှာတော့ Proxy ကျော်ဖို့အတွက် Your-freedom ဆော့ဝဲကို အသုံးပြုပါတယ်။ အဲဒီဆော့ဝဲကို အသုံးပြုဖို့အတွက်ဆိုရင် http://www.your-freedom.net/ မှာ အရင်ဆုံး Register လုပ်ဖို့လိုပါတယ်။

၁။ Register လုပ်ဖို့အတွက် http://www.your-freedom.net/ ကို အရင်ဖွင့်လိုက်ပါ။

၂။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Click here to register ကို နှိပ်လိုက်ပါ။


နောက်ထပ် ထပ်ပွင့်လာတဲ့ Page ကို အောက်မှာပြထားပါတယ်။


Username: Your-freedom အကောင့်အတွက် username ကို ထည့်ပေးပါ။

Password: Your-freedom အကောင့်အတွက် Password ကို ထည့်ပေးပါ။

Repeat Password: အပေါ်မှာ ထည့်ခဲ့တဲ့ Password ကိုပဲ ပြန်ထည့်ပေးပါ။

Email address: ကိုယ့်ရဲ့ Email လိပ်စာကို ထည့်ပေးပါ။

ပြီးရင် အောက်မှာ မြှားပြထားတဲ့ Check box တွေမှာ ကလစ်ပြီး Check လုပ်ပေးပါ။


အပေါ်မှာ ကိုယ်ရဲ့ အချက်အလက်တွေကို ထည့်ပေးရမယ့် နေရာကို ပြထားတာပါ။ အဲဒါတွေက လုံးဝ အရေးမကြီးပါဘူး။ အဆင်ပြေတာကို ထည့်ပေးနိုင်ပါတယ်။ မဖြည့်ဘဲနဲ့ ကျော်သွားလို့လည်း ရပါတယ်။ ပြီးရင် Submit ကို နှိပ်ပေးပါ။

ပြီးရင် ကျွန်တော်တို့အပေါ်မှာ ထည့်ပေးခဲ့တဲ့ Email လိပ်စာဆီကို အီးမေးပို့လိုက်တယ်ဆိုတဲ့ Page တက်လာပါလိမ့်မယ်။


မေးထဲကိုသွားပြီးတော့ Your-freedom ကနေ ပို့လိုက်တဲ့ အီးမေးကို ဖွင့်လိုက်ပါ။ ပြီးရင် ပုံမှာ မြှားပြထားတဲ့ လင့်ကို နှိပ်လိုက်ပါ။ ပြီးရင် အကောင့်ကို Activation လုပ်ခိုင်းတဲ့ Page တက်လာပါလိမ့်မယ်။
ပြီးရင် Username နဲ့ Authorization code ကို အီးမေးထဲကနေ ကော်ပီကူးထည့်ပြီး Activate account ကို နှိပ်ပေးပါ။ အဲဒါဆိုရင် ကျွန်တော့်တို့ Register လုပ်တာ အောင်မြင်စွာနဲ့ ပြီးဆုံးသွားပါပြီ။
ပြီးရင် ကျွန်တော်တို့ ကွန်ပြူတာမှာ Your-freedom ဆော့ဝဲကို install လုပ်နိုင်ဖို့အတွက် Downloads ကို နှိပ်ပေးပါ။ 


ကိုယ့်ကွန်ပြူတာ OS နဲ့ ကိုက်ညီမယ့် Installer ကို ရွေးပြီး download လုပ်ပြီး install လုပ်ပြီး အသုံးပြုလို့ ရပါပြီ။



<<<ကိုနိုင်အောင်စိုး ဆိုက်မှ ကူးယူ ဖော်ပြပါသည်။>>>

Wednesday, September 4, 2013

ဝင်ငွေတိုးအောင် စနစ်တကျ ရှာဖွေခြင်း

ဝင်ငွေတိုးအောင် စနစ်တကျ ရှာဖွေခြင်းဆိုလို့ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ကိုယ့်အိပ်ထဲက ငွေစိုက်ပြီး မလုပ်ပေမယ့် ပုံမှန်ကလစ်တာထက် ငွေပိုရလာနိုင်တဲ့ နည်းပါ။
ဒီလိုဗျာ
ကျွန်တော်တို့ တတွေက PTC Site တွေ အများကြီးလုပ်ထားပြီး ဟို ဆိုက်မကလစ်မိ ဒီဆိုက်လဲ မေ့နဲ့ ဆိုတော့ တစ်နေ့ တစ်နေ့ ပုံမှန်ကလစ်မိတဲ့ ဆိုက်ရယ်လို့ တိတိကျကျ မရှိရင် အိပ်ပေါက်နဲ့ ဖားကောက်သလိုဖြစ်နေမှာပါ။ အဲဒါကြောင့် အကြမ်းမျဉ်းပြောပြပါမယ် ပင်တိုင် စိတ်ကြိုက်ဆိုက်တွေရွေးထားရပါမယ်။ အဲဒီထဲကမှ အကြိုက်ဆုံးဆိုပြီး ထပ်ခွဲပါ။ အဲဒီအကြိုက်ဆုံးဆိုက်တွေကို တစ်ခြားဆိုက်တွေက ရတဲ့ ပိုက်ဆံတွေနဲ့ Referrals တွေဝယ်ပါမယ် ။ account upgrade လုပ်ပါမယ်။ အဲဒီအတွက် paypal or payza အကောင့်တစ်ခုခု လိုပါမယ်။

တစ်ယောက်နဲ့ တစ်ယောက်အကြိုက်ချင်းမတူကြတော့ ဘယ်ဆိုက်ကို ပင်တိုင်ထားပါလို့မညွှန်းလိုပါဘူး။
ကျွန်တော်လုပ်နေတဲ့ အနေအထားလေးကိုပဲ မူတည်ပြီး ပြောသွားပါမယ်။ မိတ်ဆွေတို့လဲ အကြိုက်ချင်းတူရင် အတူတူလိုက်လုပ်ကြပေါ့။ မတူရင်လဲ မတူတဲ့နေရာမှာ ခွဲလုပ်ကြတာပေါ့။
မထမဦးဆုံး ကျွန်တော်အကြိုက်ဆုံး ဆိုက်လေးခုကိုရွေးလိုက်ပါတယ်။
1 neobux
2 probux
3 thebux
4 Goldenclix
အဲဒီလေးခုကို ပင်တိုင်ထားလိုက်ပါတယ်။
အရံအနေနဲ့
1 Cashnhits
2 Naidbux
3 Ptcsolution
4 Silverclix
5 PTCRS
6 Reffbux
တော်ပြီပေါ့ ဒီလောက်ဆို အများကြီးလုပ်ရင် ကိုယ့် တကယ်လက်ငင်းငွေပေးနေတဲ့ အလုပ်တွေ ပစ်ထားရလိမ့်မယ်။

အရံဆိုက်တွေကတော့ မိတ်ဆွေတို့ စိတ်ကြိုက် Referrals တွေပြန်ဝယ်မလား မ၀ယ်ပဲနဲ့ ကိုယ်အကြိုက်ဆုံး ဆိုက်ကို ထည့်မလား ကိုယ်တိုင်သာဆုံးဖြတ်ကြပါဗျာ။
ကျားကြီးရင် ခြေရာကြီးပါတယ်။
ကျွန်တော်ကတော့အဲလောက်တင် ရပ်မနေပဲ အကြိုက်ဆုံး ဆိုက်လေးခုကို အိပ်ထဲကပါနည်းနည်း စိုက်ထည့်ပြီး Referrals ၀ယ်မယ်စိတ်ကူးထားပါတယ်။
ကျေးဇူးတင်ပါတယ်။

မြန်မာက PTC Site ဖြင့် ၀င်ငွေရှာသူများအတွက် သတင်းကောင်း

မြန်မာကနေ ငွေထည့်ပေးဖို့ ပြောထားတဲ့သူတွေအတွက် ငွေထည့်ပေးဖို့ အစီအစဉ်စပါတော့မယ်။ ငွေလွှဲခကို ဘယ်လောက်နှုန်းယူမယ်ဆိုတာကို သေချာအောင် တွက်နေတဲ့အတွက် ဒီလောက်ထိကြာသွားတာပါ။ အဲဒီအတွက် အားလုံးကို တောင်းပန်ပါတယ်။ ငွေထည့်ခိုင်းတဲ့သူမှာရော၊ ကျွန်တော့်ဘက်မှာပါ မျှတအောင် သေချာတွက်ချက်ထားပါတယ်။ အဆင်မပြေတာရှိရင် အောက်မှာရေးထားပြီး ပြောခဲ့နိုင်ပါတယ်။

ကျွန်တော့်ဆီကို ငွေကိုပေးချေတဲ့အခါမှာ နှစ်မျိုးသတ်မှတ်ထားပါတယ်။
တကယ်လို့ MyanPay ကနေတဆင့်လွှဲပေးတယ်ဆိုရင် MyanPay ကနေ အချင်းချင်းငွေလွှဲခကို ShweMoney ၀န်ဆောင်မှုအတိုင်း ငွေလွှဲပေးတဲ့သူကပဲ ငွေလွှဲခကို ကျခံပေးရပါမယ်။ အဲဒီအတွက် MyanPay ကနေ ငွေလွှဲတဲ့အခါမှာ Send Money --> Personal ထဲက တစ်ခုခုနဲ့ လွှဲပေးနိုင်ပါတယ်။ အဲဒီထဲက Gift အနေနဲ့လွှဲပေးတယ်ဆိုရင် လွှဲခပေးစရာ မလိုပါဘူး။ ဒါပေမယ့် MyanPay ကနေ ငွေထုတ်တဲ့အခါမှာ ပေးဆောင်ရတဲ့ ၀န်ဆောင်ခကိုတော့ နည်းနည်းပိုယူထားပါတယ်။

တကယ်လို့ ဘဏ်ကနေတဆင့် ငွေကိုလွှဲပေးတယ်ဆိုရင် ShweMoney မှာ ကျသင့်တဲ့ငွေပမာဏအတိုင်းပဲ ဘဏ်ကနေ လွှဲပေးဖို့ လိုပါတယ်။ ဘဏ်လွှဲခကိုတော့ ငွေလွှဲတဲ့သူကပဲ ကျခံပေးရပါမယ်။ MyanPay ကနေ ငွေထုတ်တဲ့အခါမှာ ပေးဆောင်ရတဲ့ ၀န်ဆောင်ခကို အပိုထပ်ပေးစရာ မလိုတော့ပါဘူး။

အခုလိုတွက်ချက်တဲ့အခါမှာ ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲလှယ်နှုန်းကို သိမ်ဖြူဈေးအတိုင်း တွက်ချက်ပါတယ်။ ၀န်ဆောင်ခကိုတော့ ကျွန်တော့်ကို ငွေထည့်ခိုင်းတဲ့သူတွေအားလုံး သိပြီးသားဖြစ်တဲ့ ShweMoney ကနေ တောင်းယူတဲ့ ၀န်ဆောင်ခအတိုင်း ၁၂ရာနှုန်းနဲ့ တွက်ချက်ထားပါတယ်။ 

အောက်မှာ ကျွန်တော်တွက်ချက်ထားပုံကို ဖော်ပြထားပါတယ်။ ဥပမာအနေနဲ့ ဒေါ်လာဈေးကို ၉၇၅ ကျပ်နဲ့ နမူနာ တွက်ပြထားပါတယ်။ (အမှားပါရှိတယ်ဆိုရင် ပြောနိုင်ပါတယ်။)


အောက်မှာတော့ ငွေထည့်မယ့်သူတွေ အလွယ်တကူကြည့်လို့ရအောင် ဇယားနဲ့ လုပ်ပေးထားပါတယ်။ တစ်ဒေါ်လာကို ၉၇၅ ကျပ်နဲ့တွက်ချက်ထားတာပါ။ တချို့အစွန်းထွက်တွေကိုတော့ အနည်းငယ်တိုးတာ လျော့တာ လုပ်ထားပါတယ်။ ShweMoney နဲ့ကွာခြားချက်ကိုလည်း နှိုင်းယှဉ်ကြည့်လို့ရအောင် ထည့်ပေးထားပါတယ်။


အခုလောလောဆယ်တော့ ဘဏ်ကနေ ငွေလွှဲပေးချင်တဲ့သူတွေတော့ အချိန်အနည်းငယ် စောင့်ဆိုင်းစေလိုပါတယ်။ မြန်မာကနေ ကျွန်တော့်ကို အမြဲတမ်းကူညီနိုင်မယ့် တစ်ယောက်ယောက်ကို ရှာဖို့လိုနေလို့ပါ။ အဲဒါပြီးတာနဲ့ ငွေလွှဲပေးရမယ့် အချက်အလက်တွေကို တင်ထားပေးပါမယ်။ ကျွန်တော့် MyanPay အကောင့်က မြန်မာကနေ ငွေပြန်ထုတ်ဖို့အတွက် (မှတ်ပုံတင်က ကျွန်တော်နဲ့အတူတူ ပါလာတဲ့အတွက်) အဆင်မပြေတော့ပါဘူး။ အဲဒါကြောင့် အရင်တုန်းက လွှဲပေးနေတဲ့ အကောင့်အစား အခြားအကောင့်တစ်ခုကို ပြောင်းလဲပြီး အသုံးပြုပါမယ်။

အခုလောလောဆယ်တော့ PayPal အကောင့်ထဲကို ငွေထည့်ပေးတာက ပိုပြီးတော့ ကုန်ကျစရိတ်များနေတဲ့အတွက် ကဒ်ထဲကိုပဲ ငွေထည့်ပေးတာကို အကူအညီပေးမယ်လို့ စိတ်ကူးထားပါတယ်။ အကူအညီတောင်းတဲ့သူရှိရင်တော့ PayPal အချင်းချင်း ငွေလွှဲတာကို အကူအညီပေးပါမယ်။

အခုတွက်ချက်ဖို့အတွက် အကူညီပေးခဲ့ကြတဲ့၊ အကြံတွေပေးခဲ့ကြတဲ့ mgmoney08@gmail.com, neo3189@gmail.com, shtintlon@gmail.com, myopaingsatt85@gmail.com, mg.gold3@gmail.com တို့ကို အထူးပဲကျေးဇူးတင်ပါတယ်။
 
ကိုနိုင်အောင်စိုး ဆိုက်မှ ကူးယူဖော်ပြပါသည်