Pages

Wednesday, August 14, 2013

Probux က ငွေတွေ ဘယ်လိုထုတ်မလဲ

Probux ကနေ ငွေထုတ်ဖို့အတွက်ဆိုရင် အရင်ဆုံး အကောင့်ကို Login ၀င်လိုက်ပါ။ Main balance ထဲမှာ ရှိတဲ့ ငွေပမာကိုပဲ ထုတ်ယူလို့ ရတာပါ။ Rental ထဲကို ရောက်နေတဲ့ ငွေပမာဏကိုတော့ ထုတ်ယူလို့ မရပါဘူး။ Rental ထဲကို လိုသလောက်ပဲ ထည့်ထားဖို့ အကြံပေးချင်ပါတယ်။ Probux ကနေ ငွေထုတ်မယ် ဆိုရင် အနည်းဆုံး 5$ ပြည့်မှ ထုတ်လို့ရပါတယ်။


ငွေထုတ်ဖို့အတွက် Cashout ကို နှိပ်လိုက်ပါ။

ပြီးရင် ငွေထုတ်ချင်တဲ့ Payment Method ကို Payza, Paypal, Neteller စသည်ဖြင့် ရွေးပေးပါ။ ကျွန်တော်ကတော့ Paypal ကနေ ထုတ်မှာဖြစ်တဲ့အတွက် Paypal ကိုပဲ ရွေးလိုက်ပါတယ်။


ပြီးရင် ကျွန်တော်တို့ ငွေထုတ်မယ့် Paypal အကောင့်ရဲ့အီးမေးကို မှန်မမှန် စစ်ခိုင်းပါတယ်။ တကယ်လို့ ကိုယ့် Paypal အကောင့်ရဲ့ အီးမေးလိပ်စာမဟုတ်ဘူးဆိုရင် ပြန်ပြီးတော့ Probux အကောင့်ရဲ့ Setting ကနေ ပြန်ပြောင်းပေးဖို့ လိုပါတယ်။ ငွေလွှဲခ အနေနဲ့ Fee တော့ အနည်းငယ်ဖြတ်ပါတယ်။ အကောင့်အီးမေးမှန်တယ်ဆိုရင် Yes ကို နှိပ်လိုက်ပါ။
ပြီးရင် Probux ထဲက ငွေကို Paypal အကောင့်ဆီကို ပို့လိုက်ပြီဆိုတဲ့ Message တက်လာပါလိမ့်မယ်။ အဲဒါဆိုရင် Paypal အကောင့်ထဲကို Probux ကနေ ငွေလွှဲတာ ပြီးသွားပါပြီ။


ပြီးရင် Probux အကောင့်ထဲကို ၀င်ကြည့်လိုက်ပါ။ Main balance မှာ 0.0000$ ဖြစ်သွားတာကို တွေ့ရမှာပါ။


ပြီးရင် ကိုယ့်ရဲ့ Paypal အကောင့်ထဲကိုလည်း ၀င်ကြည့်လိုက်ပါ။ Probux ကနေ ငွေပို့ထားတာကို တွေ့ရမှာပါ။
 
ကိုနှိင်အောင်စိုး ဆိုက်မှကူးယူဖော်ပြပါသည်။

Tuesday, August 13, 2013

Understanding Sever Time

ဒီနေရာမှာ Server time ဆိုတာကို နည်းနည်းလောက် ပြောပြချင်ပါတယ်။ ကျွန်တော်တို့ဆီကို ကြော်ငြာအသစ်တွေ ဘယ်အချိန်မှာ နောက်ထပ်ပြန်ရောက်မယ်ဆိုတာကို clicks reset time ကို ကြည့်ပြီး သိနိုင်ပါတယ်။ Server time က ကျွန်တော်တို့ရှိနေတဲ့ Local time ထပ်တူမကျဘဲ ဖြစ်တတ်ပါတယ်။ အခု ကိုယ့်ဆီမှာ ဘယ်အချိန်ရှိပြီလဲဆိုတာကို ကြည့်ပြီးတော့ ကိုယ့်ဆီကအချိန်နဲ့ Server time နဲ့ကြားမှာ အချိန်နာရီ ဘယ်လောက်ကွာတယ်ဆိုတာကို မှတ်ထားလိုက်ပါ။ Serever time က 24 hours ပုံစံနဲ့ သွားပါတယ်။
ဥပမာအနေနဲ့ Probux မှာ နမူနာယူပြီးတော့ ရှင်းပြထားပါတယ်။


အပေါ်မှာ ပြထားတဲ့ ပုံမှာ ပြထားတဲ့အချိန်က ကျွန်တော်တို့ဆီကို ကြော်ငြာတွေ အသစ်အပြည့် ပြန်ရောက်မယ့် အချိန်ကို ပြောတာပါ။ AM, PM တွေ မဟုတ်ဘဲ 24 hors ပုံစံနဲ့ ဖြစ်ပါတယ်။ သူအဲဒီအချိန်က တစ်ယောက်နဲ့ တစ်ယောက် တူမှာ မဟုတ်ပါဘူး။ ကျွန်တော့်ဆီမှာတော့ 00:00 ဖြစ်နေပါတယ်။ ပြီးတော့ အဲဒီအချိန်က အမြဲတမ်းမူသေ ဖြစ်နေပါမယ်။



အပေါ်မှာ ပြထားတဲ့ ပုံကတော့ ဆာဗာမှာရှိတဲ့ လက်ရှိအချိန်ကို ပြောတာပါ။ သူကလည်း AM, PM တွေ မဟုတ်ဘဲ 24 hors ပုံစံနဲ့ ဖြစ်ပါတယ်။ 00:00 နာရီမှာ စပြီးတော့ 23:59 အထိ ပုံမှန် အချိန်လည်ပတ်ပြီး နေပါမယ်။
ဒါကတော့ ကျွန်တော်တို့ရဲ့ Local မှာ လက်ရှိရောက်နေတဲ့ အချိန်ကို ပြထားတာပါ။ ဒီမှာတော့ AM, PM ပုံစံနဲ့ ပြထားပါတယ်။ 
Server မှာ ရှိတဲ့အချိန်နဲ့ ကျွန်တော်တို့ local မှာရှိတဲ့ အချိန်နှစ်ခုက မတူပါဘူး။ သူတို့ နှစ်ခုကြားက အချိန်ကွာခြားချက်ကို ရှာကြည့်ရအောင်ပါ။
The current server time (24 Hours format)=12:52
Local time (AM,PM format)= 10:22 PM
Local time (24 Hours format)= 22:22 ( 12:59 ပြီးရင် 1:00 နာရီလို့ မပြောဘဲ 13:00 နာရီလို့ ပြောပါလိမ့်မယ်။)

အချိန်ကွာခြားချက် = Local time - Server time = 22:22 - 12:52 = 9:30

ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ Local အချိန်နဲ့ Server မှာ ရှိနေတဲ့ အချိန်က ကိုးနာရီခွဲလောက် ကွာနေပါတယ်။ အဲဒါကို မှတ်ထားဖို့ လိုပါတယ်။

Your advertisement clicks reset at: 00:00 (server time)

ကျွန်တော့်ဆီကို နောက်ထပ်ကြော်ငြာအသစ်တွေ အပြည့်ပြန်ရောက်မယ့် အချိန်က Server time: 00:00 ဖြစ်ပါတယ်။ ကြော်ငြာတွေ ပြန်ရောက်လာမယ့် ကျွန်တော်တို့ရဲ့ Local မှာ ရှိမယ့် အချိန်ကို ပြန်ပြီးတော့ ကြည့်ရအောင်ပါ။

Local time = Server time + အချိန်ကွာခြားချက် = 00:00 + 9:30 = 9:30 (24 hours format)

အခု ကြော်ငြာတွေကို အကုန်နှိပ်လိုက်ပြီးရင် နောက်တစ်ခါ clicks reset time ကို ပြန်ရောက်ပြီးမှ ကြော်ငြာအသစ်တွေ အပြည့်ပြန်ရောက်လာပါလိမ့်မယ်။ အခုက ကြော်ငြာတွေ အပြည့်ပြန်ရောက်မယ့် အချိန်ကိုပဲ ပြောတာပါ။ ကြားထဲမှာ ကြော်ငြာနှစ်ခု၊ သုံးခု ရောက်နေတာမျိုးလည်း ရှိတတ်ပါတယ်။ အချိန်ရရင်တော့ ၀င်ကြည့်ပြီး ကလစ်နေလို့ရပါတယ်။ 
မှတ်ချက်။    ။ အကြံပေးချင်တာကတော့ clicks reset time မရောက်ခင်ကို ကြိုဝင်ပြီးတော့ ရှိသမျှ ကြော်ငြာတွေကို အကုန်ကြည့်ထားလိုက်ပါ။ ပြီးရင် Server reset time ကို ရောက်အောင် စောင့်လိုက်ပါ။ Reset time ကို ကျော်ပြီဆိုတာနဲ့ ကိုယ့်ဆီကို ကြော်ငြာအသစ်တွေ အပြည့်ပြန်ရောက်လာပါလိမ့်မယ်။ Page ကိုတော့ Refresh လုပ်ကြည့်ပေးနေဖို့ လိုပါတယ်။ ဒါမှ ကြော်ငြာအသစ်ရောက် မရောက်ဆိုတာကို သိမှာပါ။ ကြော်ငြာအသစ်တွေကို ထပ်ပြီးတော့ ကြည့်လိုက်ပါ။ နှစ်ခါ ကြည့်ခွင့်ရတဲ့အတွက် ကိုယ့်အတွက် တနေ့တည်းနဲ့ ကြော်ငြာအရေအတွက် များများကြည့်ခွင့် ရပါတယ်။

ကျွန်တော်တို့ ဒီနေ့အတွက်ကြော်ငြာတွေ မကြည့်ရသေးဘူးဆိုတဲ့ Message ပေါ်တာပါ။ ကြော်ငြာတွေ အားလုံးကို ကြည့်ပြီးသွားလို့ page ကို refresh လုပ်လိုက်မယ်ဆိုရင် အဲဒီ စာတန်းက ပျောက်သွားပါလိမ့်မယ်။

ကျွန်တော်တို့မှာ Referral တွေမရှိသေးရင်တော့ ကြော်ငြာတွေကို နေ့တိုင်း ပုံမှန်မကြည့်လဲ ဘာမှမဖြစ်ပါဘူး။ Referral တွေအကြောင်းကိုလည်း  ရှင်းပြထားပြီးပါပြီ။ ကျွန်တော်တို့ ငှားလိုက်တဲ့ Referral တွေဆီကနေ ၀င်ငွေကို ရဖို့အတွက်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်ကလည်း အဲဒီ စာတန်း Message ပျောက်သည်အထိ ကြော်ငြာတွေကို ကြည့်ပေးဖို့လိုပါတယ်။ များသောအားဖြင့်တော့ တစ်နေ့ကို ကြော်ငြာလေးခု ပုံမှန်ကြည့်ပေးရပါမယ်။ ဒီနေ့ ကြော်ငြာမကြည့်ခဲ့ဘူးဆိုရင် နောက်နေ့မှာ Referral ဆီက ၀င်ငွေ လျော့ကျသွားပါလိမ့်မယ်။ နေ့တိုင်းဝင်ကြည့်တယ်ဆိုပေမယ့် အဲဒီစာတန်းပျောက်မှ Referral တွေဆီက ငွေပုံမှန်ရပါလိမ့်မယ်။

နောက်ပိုင်းကျရင်တော့ ကိုယ့်မှာငှားထား Referral တွေများလာလို့ ၀င်ငွေကောင်းလာပြီဆိုရင် Fixed ads တွေလောက်ပဲ ပုံမှန်ကြည့်သွားလို့ ရပါတယ်။ သူတို့က အချိန်က စက္ကန့် ၃၀ လောက် ကြည့်ရပါတယ်။ ကြော်ငြာကြည့်ခက ရိုးရိုးပုံမှန်တွေထက် ဆယ်ဆ ပိုများပါတယ်။ သူကတော့ အရေအတွက်ကတော့ လေးခုပဲ ပေးပါတယ်။
 
ကိုနိုင်အောင်စိုး ဆိုက်မှ ကူးယူပါသည်။

Recycle, AutoRecycle

Recycle ဆိုတာကတော့ ကျွန်တော်တို့ငှားလိုက်တဲ့ Referral ကပုံမှန်အတိုင်း အလုပ်ကို ကောင်းကောင်း မလုပ်ဘူးဆိုရင် အဲဒီ Referral ကို နောက်ထပ်အသစ် Referral နဲ့ လဲလှယ်လိုက်တာကို ပြောတာပါ။ ဒါပေမယ့် ကျွန်တော်တို့က 0.007$ လောက် အလိုက်ပေးပြီးမှ လဲရတာပါ။ အသစ်ထပ်ပြီး ၀ယ်ဆိုရင် 0.2$ ပေးရမှာ ဖြစ်တဲ့အတွက် တကယ်ကို အလုပ်မလုပ်ဘူးဆိုရင်တော့ လဲလှယ်ပစ်သင့် ပါတယ်။ ဒါပေမယ့် အချိန်နည်းနည်းပေးပြီး စောင့်ကြည့်သင့်ပါတယ်။

PTC ဆိုဒ်တွေရဲ့ အကြံပေးချက်တွေထဲမှာ Recycle လုပ်တာ များလွန်းရင် ကိုယ့်ငွေထဲ ပါသွားတတ်ပြီးတော့ Recycle လုပ်တာ နည်းလွန်းရင်ကျ ကိုယ့်ဝင်ငွေ ကျသွားတတ်ပါတယ်တဲ့။ အဲဒါကြောင့် သတိထားပြီး သေချာစဉ်းစားပြီးမှ လုပ်ဖို့ အကြံပေးထားကြပါတယ်။ အဲဒီလို လဲလိုက်လို့ နောက်အသစ်ရောက်တာတဲ့ Referral ကလည်း အလုပ်ကောင်းကောင်းလုပ်မယ်လို့ အာမခံချက် ပေးထားတာ မရှိပါဘူး။

AutoRecycle ဆိုတာကတော့ PTC ဆိုဒ်တိုင်းမှာ မရှိပါဘူး။ သူတို့သတ်မှတ်ထားတဲ့ ရက်အထိ Referral က ကလစ်တစ်ချက်မှ မနှိပ်ဘူးဆိုရင် အဲဒီ Referral ကို အလိုအလျောက် ဘာမှထပ်ပေးစရာ မလိုဘဲ နောက်အသစ်နဲ့ လဲပေးတာပါ။ Neobux, Probux တို့မှာ အဲဒီလို လဲပေးတာရှိပါတယ်။ ပုံမှန် standard member တွေအတွက် စောင့်ရမယ့်ရက်က ၁၄ ရက်ဖြစ်ပါတယ်။ ၁၄ ရက်အထိ အဲဒီ Referral က အလုပ်မလုပ်ဘူးဆိုရင် အော်တိုအသစ်ရောက်လာပါလိမ့်မယ်။

မှတ်ချက်။   ။ တကယ်လို့ Referral ရဲ့ remaining day က ၁၄ ရက်ထက်နည်းပြီး ကျန်တော့တယ် ဆိုရင်တော့ လဲမပေးတော့ပါဘူး။ ကိုယ်တိုင်သာ မြန်မြန် Recycle လုပ်ပစ်လိုက်ပါ။

Renew(or) Extend rental, AutoRenew

Renew (or) Extend rental ဆိုတာက ကျွန်တော်တို့ ငှားထားတဲ့ Referral တွေကို သက်တမ်း ထပ်တိုးတာပါ။ 15 ရက်၊ 30 ရက်၊ 60 ရက်၊ 90 ရက်၊ 180 ရက် စသည်ဖြင့် သက်တမ်းတိုးလို့ ရပါတယ်။ သက်တမ်းတိုးတဲ့ရက် ပိုများလေလေ discount ပိုရလေလေ ဖြစ်ပါတယ်။

AutoRenew ဆိုတာကတော့ PTC ဆိုဒ်တိုင်းမှာ မရှိပါဘူး။ Neobux မှာ ပါပါတယ်။ သူတို့ သက်တမ်းမကုန်ခင် ကိုယ်သတ်မှတ်ထားတဲ့ နေ့ကိုရောက်တာနဲ့ ကိုယ်သတ်မှတ်ထားတဲ့ သက်တမ်းတိုး ကာလ (15 ရက်၊ 30 ရက်၊ 60 ရက်၊ စသည်ဖြင့်) အလိုလို သက်တမ်းတိုးပေးလိုက်မှာပါ။ အဲဒီအတွက်တော့ Rental balance ထဲမှာ ငွေအလုံအလောက်ရှိဖို့ လိုအပ်ပါတယ်။

အောက်မှာ သက်တမ်းတိုးရက်ပေါ်မူတည်ပြီး discount တွေကို ဖော်ပြထားပါတယ်။ (ဆိုဒ်တစ်ခုနဲ့ တစ်ခုတော့ မတူကြပါဘူး။ ဒါပေမယ့် ဒီပတ်ဝန်းကျင်လောက်ပဲ discount ပေးကြတာပါ။)

Renewing for 15 days: 0%(discount)
Renewing for 30 days: 5%(discount)
Renewing for 60 days: 10%(discount)
Renewing for 90 days: 20%(discount)
Renewing for 150 days: 25%(discount)
Renewing for 240 days: 30%(discount)

ဒီနေရာမှာ ကျွန်တော်နှိုင်းယှဉ်ပြီးပြောချင်တာက AutoPay ကနေ တစ်ရက်ချင်းတိုးတာက 15% discount ရပါတယ်။ 30 ရက် Renew လုပ်တာက 5% ပဲ discount ရပါတယ်။ ကျွန်တော်တို့အနေနဲ့ စစချင်းမှာ ၀င်ငွေအများကြီး မရှိတဲ့အတွက် ရက်အများကြီး သက်တမ်းမတိုးနိုင်ကြပါဘူး။ အဲဒီတော့ တစ်လစာအတွက် Renew လုပ်တာထက် AutoPay ကို သုံးတာက ကိုယ့်အတွက် 10% ပိုပြီးတော့ အမြတ်ထွက်နေပါတယ်။

Expired fee

အဲဒီလို Expired fee တောင်းတာကတော့ PTC ဆိုဒ်တိုင်းမှာ မဟုတ်ပါဘူး။ တချို့ဆိုဒ်တွေက ကျွန်တော်တို့ ငှားထားတဲ့ Referral တွေ ငှားထားတဲ့ သက်တမ်းကျော်သွားပြီး (ထပ်တိုးမငှားလိုက်နိုင်ဘူး) ဆိုရင် ကိုယ်ကနေ Expired fee ထပ်ပေးရပါတယ်။ ကိုယ့်အကောင့်ထဲကနေ ဖြတ်သွားပါတယ်။ Neobux မှာဆိုရင် Expired fee ထပ်ပေးရပါတယ်။ ကိုယ့် Referral တွေ သက်တမ်းကုန်မကုန် စောင့်ကြည့်နေဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် ကြာကြာငှားထားလိုက်ပါ။ အဲလိုပေးဆောင်ရမယ်ဆိုရင် ကိုယ့်အတွက် အလကားနေရင်း အရှုံးဖြစ်ပါတယ်။

Break Even Point (BEP)

BEP ဆိုတာက ကျွန်တော်တို့ရဲ့ Referral တွေ တစ်နေ့ကို ကလစ်အရေအတွက် ဘယ်လောက်နှိပ်ရင် သူတို့ကို ငှားထားတဲ့ ငှားခပြန်ရမလဲဆိုတာ တွက်တာပါ။ BEP မှာ တွက်ရတဲ့ နှုန်းအတိုင်း Referral က ကလစ်နှိပ်နေမယ်ဆိုရင် ကျွန်တော်တို့အတွက် အရင်းပါပဲ။ လျော့ပြီးတော့ နှိပ်မယ်ဆိုရင် ကျွန်တော်တို့အတွက် အရှုံးပေါ်နေပါပြီ။ ပိုပြီးနှိပ်နေမယ်ဆိုရင်တော့ အမြတ်တွေရနေပြီပေါ့။ အဲဒီလို သိနိုင်ဖို့အတွက် BEP ကို တွက်ချက်ကြည့်ရအောင်ပါ။

ကျွန်တော်တို့ Referral ငှားမယ်ဆိုရင် ပထမဆုံးလမှာ တစ်လိုင်းကို 0.2$ ပေးရပါတယ်။ တစ်ရက်ကိုဆိုရင် (0.2$)/(30days)= 0.006667 $/day လောက် နေ့တွက်ပေးပြီးတော့ ငှားထားရတာပါ။ တကယ်လို့ ကျွန်တော်တို့က standard member ပဲရှိသေးတယ်ဆိုရင် Referral ဆီက ကလစ်တစ်ချက်ကို 0.005$ ပဲ ရတာပါ။ အဲဒီတော့ Referral တွေက တစ်နေ့ကို အရင်းပြန်ရဖို့ အတွက် ကလစ်အရေအတွက် (0.006667 $/day)/(0.005 $/click) = 1.333 click/day လောက် ရှိပါမယ်။ အဲဒီတန်ဖိုးဟာ ကျွန်တော်တို့အတွက် BEP တန်ဖိုးပါပဲ။
Referral တွေက တစ်နေ့ကို 1.333 ထက်နည်းပြီးတော့ ကလစ်နေမယ်ဆိုရင် ကျွန်တော်တို့အတွက် အရှုံးဖြစ်နေပါပြီ။ အလုပ်မလုပ်တဲ့ Referral တွေကို သေချာရှာပြီး ရှင်းထုတ်ဖို့ လိုလာနေပါပြီ။ 

BEP ကို အလွယ်တကူ ကြည့်ဖို့အတွက် အောက်မှာ အဆင်သင့်ကြည့်လို့ရတဲ့ chart တွေ ပြထားပါတယ်။

အောက်မှာ ပေးထားတဲ့ chart က ပထမဆုံးစပြီးတော့ ငှားတဲ့လအတွက် BEP တွေဖြစ်ပါတယ်။ Chart တွေကို သေချာကြည့်လိုက်ပါ။ Golden member အတွက်က BEP ပိုပြီးတော့ နိမ့်တာကို တွေ့ရပါတယ်။ တစ်နေ့ကို Referral က ကြော်ငြာတစ်ခုကြည့်ရင်ကို သူ့အတွက် အမြတ်ရနေပါပြီ။ အဲဒါကြောင့် Upgrade ကိုတော့ လုပ်ဖြစ်အောင် လုပ်ဖို့ အကြံပေးချင်ပါတယ်။


အောက်မှာ ပေးထားတဲ့ chart ကတော့ ကိုယ်သက်တမ်းတိုးတဲ့ ကာလနဲ့ ကိုယ့်မှာရှိတဲ့ referral အရေအတွက်ပေါ်ကို မူတည်ပြီးတော့ standard member အတွက် BEP တွေဖြစ်ပါတယ်။

အောက်မှာ ပေးထားတဲ့ chart ကတော့ ကိုယ်သက်တမ်းတိုးတဲ့ ကာလနဲ့ ကိုယ့်မှာရှိတဲ့ referral အရေအတွက်ပေါ်ကို မူတည်ပြီးတော့ golden member အတွက် BEP တွေဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် golden member တွေက အမြတ်ပိုရဖို့ သေချာပါတယ်။

 ကိုနိုင်အောင်စိုး ဆိုက်မှ ကူးယူပါသည်။

AutoPay

ကျွန်တော်တို့က Referral ကို တစ်လတိတိ ငှားထားလို့ရတယ်လို့ ပြောခဲ့ပါတယ်။ AutoPay ဆိုတာက ကိုယ်ငှားထားပြီးသားဖြစ်တဲ့ Referral ကို တစ်ရက်တည်း ထပ်တိုးပြီးငှားဖို့ အတွက်ပါ။ ဘယ်အချိန်မှာ အဲလိုထပ်တိုးပြီး ငှားလိုက်သလဲဆိုရင် ကိုယ့်ရဲ့ Referral က ကလစ်တစ်ချက်နှိပ် (ကြော်ငြာတစ်ခုကြည့်)လိုက်ပြီဆိုတာနဲ့ အဲဒီ Referral ကို တစ်ရက် ပိုပြီးတော့ ငှားလိုက်ပါတယ်။

ဥပမာအနေနဲ့ ကျွန်တော်တို့က Autopay ကို Enable လုပ်ထားတယ်ဆိုပါစို့။ ကလစ်မနှိပ်သေးခင်အချိန်မှာ ကျွန်တော်တို့ရဲ့ Referral မှာ remaining day က 23 ဖြစ်နေရင် သူ ကလစ်လုပ်လိုက်တာနဲ့ remaining day က 23+1=24 ဖြစ်သွားပါတယ်။ အဲဒီတစ်ရက်စာအတွက် ငှားခကို Rental balance ထဲကနေ အော်တိုဖြတ်ယူသွားပါတယ်။ Rental balance ထဲမှာ ငွေမရှိရင်တော့ တစ်ရက်ထပ်တိုးမပေးပါဘူး။

တကယ်လို့သာ ကျွန်တော်တို့ရဲ့ Referral က အဲဒီနေ့အတွက် ကလစ်လုံးဝမလုပ်ခဲ့ဘူးဆိုရင် နောက်တစ်ရက်ရောက်တာနဲ့ remaining day က 23-1=22 ဖြစ်သွားပါလိမ့်မယ်။ ပုံမှန်အတိုင်းရက်ကို လျှော့သွားပါလိမ့်မယ်။ သူအတွက်လည်း တစ်ရက်စာ ငွေပေးစရာမလိုပါဘူး။

နောက်တစ်ခုမှတ်ထားရမှာ AutoPay က remaining day က ရက် ၂၀ အောက်ကို ရောက်သွားရင် တစ်ရက်ထပ်ပေါင်းပြီး တိုးမပေးတော့ပါဘူး။

AutoPay မှာ ကောင်းတာတွေရှိပါတယ်။

၁။ ကျွန်တော်တို့ရဲ့ အလုပ်ကို ပုံမှန်အတိုင်းကောင်းကောင်းလုပ်နေတဲ့ Referral တွေရဲ့ ငှားထားတဲ့ သက်တမ်းကုန်သွားမှာ စိုးရိမ်စရာမလိုပါဘူး။ Rental balance ထဲကိုတော့ ငွေပုံမှန်ထည့်ထားဖို့ လိုပါတယ်။

၂။ Referral က တစ်လငှားမယ်ဆိုရင် ပုံမှန်ဆိုဒ်တော်တော်များများမှာ 0.2$ ရှိပါတယ်။ တစ်ရက်ကို $0.2/30=$0.006667 လောက် ပေးရပါတယ်။ ဒါပေမယ့် AutoPay ကနေ တစ်ရက်ထပ်ငှားတယ်ဆိုရင် $0.006667 ပေးစရာမလိုဘဲ discount 15% ပိုသက်သာပါတယ်။

AutoPay မှာ မကောင်းတာလည်း ရှိပါသေးတယ်။

၁။ ကျွန်တော်တို့ရဲ့ Referral က ပုံမှန်အတိုင်းအလုပ်ကောင်းကောင်းမလုပ်ဘဲ တနေ့ကို ကလစ်တစ်ချက် တည်းပဲ နှိပ်တယ်ဆိုပါစို့။ အဲဒါဆိုရင် AutoPay ကိုဖွင့်ထားတယ်ဆိုရင် သူ့ကိုလည်း တစ်ရက်ထပ်တိုးပြီး ငှားနေမှာပါ။ (AutoPay က Referral တစ်လိုင်းချင်းပေါ်မှာပေးထားလို့ မရပါဘူး။) အဲဒါဆိုရင် သူ့ဆီက ရမယ့်ဝင်ငွေက ပုံမှန်ဆိုရင် သူကြော်ငြာကြည့်ခရဲ့ 50% ဖြစ်ပါတယ်။ အဲဒါဆိုတော့ တစ်နေ့ကို (0.01/2)-0.006667= -0.001667$ လောက် အရှုံးပြနေမှာပါ။
 
ကိုနိုင်အောင်စိုး ဆိုက်မှ ကူးယူပါသည်။

Probux မှာ Referral တွေ ငှားရအောင်

၁။ ကျွန်တော်တို့ ကြော်ငြာတွေကို ကြည့်တဲ့အတွက် ရလာတဲ့ ကြော်ငြာကြည့်ခတွေကို ကြည့်ချင်တယ် ဆိုရင် My Account ကို နှိပ်လိုက်ပါ။



၂။ My Account Details မှာ ကျွန်တော်တို့ရဲ့ Membership၊ ကျွန်တော်တို့ ကြည့်ခဲ့ပြီးသား ကြော်ငြာအရေအတွက်၊ ကြော်ငြာကြည့်လို့ ရလာတဲ့ Main balance မှာရှိတဲ့ ငွေပမာဏ၊ Referrral တွေကို ငှားဖို့အတွက် ဒါမှမဟုတ် သက်တမ်းထပ်တိုးဖို့အတွက်ထားတဲ့ Rental balance မှာ ရှိတဲ့ ငွေပမာဏ စတာတွေကို ပြထားပါတယ်။


၃။ တကယ်လို့ Referral တွေငှားချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ ငွေတွေကို Main balance ထဲကနေ Rental balance ထဲကို ပြောင်းထည့်ရပါတယ်။ အဲဒီလိုပြောင်းထည့်ဖို့အတွက် Rental balance ရဲ့နောက်မှာရှိတဲ့ Add funds ကို နှိပ်ပေးပါ။



၎။ အဲဒါဆိုရင် ဘယ် payment ကနေ Rental balance ထဲကို ထည့်မှာလဲဆိုတာကို ရွေးပေးရပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို့က Probux ရဲ့ Main balance ထဲကနေ ပြောင်းထည့်မှာဖြစ်တဲ့အတွက် probux MAIN BALANCE ကိုရွေးပေးပါ။ ကိုယ့်မှာ payment card တွေရှိတယ်ဆိုရင် Paypal ဒါမှမဟုတ် Payza တို့ကနေလည်း ငွေထည့်သွင်းနိုင်ပါတယ်။

၅။ ကျွန်တော်တို့ Rental balance ထဲကို ထည့်မယ့် ပမာဏကို အတိုးအလျော့လုပ်ပြီး ADD FUNDS ကို နှိပ်ပေးပါ။



၆။ အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ငွေကို Rental balance ထဲကို ရွေ့ပြောင်းပြီးပြီးဆိုတဲ့အကြောင်း တက်လာပါလိမ့်မယ်။


၇။ အခု ကျွန်တော်တို့တွေ Referral တွေကို စပြီးငှားကြည့်ရအောင်ပါ။ Referral တွေကလည်း ကျွန်တော်တို့လို အဲဒီဆိုဒ်မှာ ကလစ်လုပ်ပြီး ငွေရှာနေတဲ့ သူတွေပါပဲ။ သူတို့ကျတော့ ဆိုဒ်ကိုညွှန်းတဲ့သူ မရှိဘဲ ရောက်လာတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ကိုကျ အဲဒီ PTC ဆိုဒ်တွေကနေ တစ်လကို ဘယ်လောက် ဆိုပြီး ငှားချင်တဲ့သူတွေကို ပြန်ငှားပါတယ်။ ငှားတဲ့သူတွေကျတော့ ကိုယ်ငှားလိုက်တဲ့ Referral ကြည့်သမျှ ကလစ်သမျှကြော်ငြာကြည့်ခတွေရဲ့ (PTC ဆိုဒ်ပေါ်မူတည်ပြီး) 30% ကနေ 50% အထိ ရပါတယ်။ ကျွန်တော်တို့ ငှားထားတဲ့ Referral တွေ ကြော်ငြာများများကြည့်လေ ကျွန်တော်တို့အတွက် ၀င်ငွေ ပိုများလာလေ ဖြစ်ပါတယ်။ အဲဒါကြောင့် PTC ဆိုဒ်မှာ ၀င်ငွေကောင်းဖို့ဆိုရင် Referral က အဓိက နေရာကနေ ပါဝင်နေပါတယ်။ Referral များများရှိတဲ့သူက ၀င်ငွေပိုများတယ်လို့ ပြောလို့ရပါတယ်။



၈။ Referral တွေငှားမယ်ဆိုရင် Rent Referrals ကို ကလစ်နှိပ်ပါ။

၉။ ပုံမှာ ပြထားတဲ့အတိုင်း 3ခု၊ 10ခု၊ 20ခု၊ 50ခု၊ 70ခု၊ 100 ခု ဆိုပြီး ကိုယ်အဆင်ပြေသလို ၀ယ်လို့ ရပါတယ်။ ၀ယ်တဲ့အခါမှာ Rental balance ထဲက ငွေနဲ့ ၀ယ်ယူရမှာဖြစ်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်ပဲ ၀ယ်ယူလို့ ရပါတယ်။

၁၀။ My Account page မှာ ရှိတဲ့ My Referrals မှာ ကျွန်တော်တို့မှာရှိတဲ့ Referral အရေအတွက်တွေနဲ့ သူတို့ကလစ်ခဲ့တဲ့ အရေအတွက်တွေကို ပြထားပါတယ်။ ကျွန်တော်က ၀ယ်ထားတာ ကြာပြီဖြစ်လို့ ကလစ်အရေအတွက်တွေ ရှိနေတာပါ။ ၀ယ်ပြီးပြီးချင်းဆိုရင် ကလစ်အရေအတွက်က သုညဖြစ်နေပါလိမ့်မယ်။


၁၁။ ကျွန်တော်တို့ရဲ့ Referrals တွေ တစ်ယောက်ချင်း ဘယ်လောက် အလုပ် လုပ်ထားတယ် ဆိုတာကို Rented Referral ကို ကလစ်လုပ်ပြီး ကြည့်နိုင်ပါတယ်။ AutoPay ကို Enable မှာ ထားပေးပါ။ AutoPay အကြောင်းကို နောက်မှာ သီးသန့်ထပ်ပြောထားပါတယ်။



၁၂။ တကယ်လို့ ကျွန်တော်တို့မှာ ငွေပမာဏများလို့ Membership ကို အဆင့်မြှင့်ချင်တယ်ဆိုရင် Upgrade ကို နှိပ်ပြီး မြှင့်လို့ရပါတယ်။

ကိုနိုင်အောင်စိုး ဆိုက်မှ ကူးယူပါသည်။

PTC Strategy Guide (သို့) ၀င်ငွေတိုးအောင် ဘယ်လိုလုပ်မလဲ


PTC website တွေဟာ အစပိုင်းမှာ ငွေနည်းနည်းပဲ ၀င်ပါတယ်။ Site တစ်ခုကို တစ်လလုံးလောက် ကလစ်ပြီး ကြော်ငြာတွေကို အကုန်လုံးကြည့်မှ 1.5$ ကနေ 2$ လောက်အထိပဲ ၀င်ပါတယ်။ ဒါပေမယ့် Site 10 ခုလောက် ချိတ်ထားနိုင်ရင် တစ်လကို 15$ ကနေ 20$ လောက်ဝန်းကျင်ရပါလိမ့်မယ်။ တစ်နေ့ကို အများကြီး လုပ်စရာလဲ မလိုပါဘူး။ ကိုယ်ချိတ်ထားတဲ့ ဆိုဒ်အရေအတွက်ပေါ်မူတည်ပြီး တစ်နေ့ကို မိနစ် ၃၀ ကနေ မိနစ် ၅၀ လောက် အချိန်ပေးရင်ကို ရပါတယ်။ နေ့တိုင်း ကလစ်နေဖို့ပဲ လိုတာပါ။ PTC တွေက ငွေရှာရတာ လွယ်တယ်။ ဒါပေမယ့် နည်းနည်းချင်းပဲ ၀င်ငွေရှိပါတယ်။ တစ်လမှ အဲလောက်ပဲဆိုလို့ စိတ်မပျက်သွားပါနဲ့။ ၀င်ငွေတိုးအောင် လုပ်တဲ့နည်းတွေ အများကြီး ရှိပါတယ်။
PTC website တွေမှာ ၀င်ငွေတိုးအောင် လုပ်ဖို့ဆိုရင် Referral အကြောင်းကို သိဖို့လိုပါတယ်။ Referral မှာ Direct Referral နဲ့ Rented Referral ဆိုပြီး နှစ်မျိုးရှိပါတယ်။ တချို့ဆိုဒ်တွေမှာတော့ Bought Referral ဆိုပြီး သုံးမျိုး ရှိတတ်ပါတယ်။


Direct Referral

Direct Referral ဆိုတာကတော့ ကိုယ်လုပ်ထားတဲ့ အကောင့်လင့် (link) ကနေ အခြားသူကို ညွှန်းပြီးတော့ အကောင့်ကို Register လုပ်စေခြင်းအားဖြင့် ရလာတဲ့ Referral တွေပါ။ Direct Referral တွေက အရေအတွက်များများရဖို့၊ ပြီးတော့ active ဖြစ်တဲ့ Direct Referral ရဖို့အတွက် အရမ်းခက်ခဲလွန်းတဲ့အတွက် ၀င်ငွေတိုးစေဖို့ အတွက်ဆိုရင် အဓိက အရေးမပါပါဘူး။

Rented Referral

Rented Referral ဆိုတာကတော့ ကျွန်တော်တို့လို Member တွေပါပဲ။ သူတို့က အခြား Member တွေရဲ့ အကောင့်လင့်ကနေ ရောက်လာတာမဟုတ်ဘဲ PTC ဆိုဒ်တွေကို တိုက်ရိုက်ရောက်လာတဲ့ Member တွေပါ။ သူတို့ကျ PTC ဆိုဒ်တွေကနေ ပြန်ပြီးတော့ လိုချင်တဲ့သူတွေကို ငှားပါတယ်။

တစ်လစာအတွက် Refer တစ်လိုင်းကို ပုံမှန်အားဖြင့် 0.2$ နှုန်းရှိပါတယ်။ တစ်လကုန်သွားလို့ရင် သက်တမ်းတိုးပြီး ထပ်ငှားလို့ ရပါတယ်။ တကယ်လို့ ကိုယ်ငှားထားတဲ့ refer ကို မကြိုက်ဘူးဆိုရင် 0.005$ လောက်အလိုက်ပေးပြီး နောက် refer တစ်လိုင်းကို လဲယူနိုင်ပါသေးတယ်။ တစ်ပတ်ကို တစ်ကြိမ်ပဲ ငှားခွင့်ပေးပါတယ်။ အဲဒီအချိန်မှာ ကိုယ်ကြိုက်သလောက် အရေအတွက် 3 Refer ကနေ 100 refer အထိ ကိုယ့်မှာရှိတဲ့ ငွေပမာဏပေါ်မူတည်ပြီး ငှားယူနိုင်ပါတယ်။

PTC site တွေမှာ ၀င်ငွေတိုးစေတာက Rented Referral တွေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လိုချင်သလောက်အရေအတွက်ကို ငှားယူရရှိနိုင်လို့ပါပဲ။ Referral များများငှားနိုင်လေ၊ ကိုယ်အတွက် ၀င်ငွေပိုကောင်းလာလေလေ၊ ၀င်ငွေပိုကောင်းလာလေလေ Referral များများပိုပြီး ငှားနိုင်လေ ဖြစ်ပါတယ်။

မှတ်ချက်။ ။ ကျွန်တော်တို့မှာ Rented Referral တွေရှိလာပြီဆိုရင် ကိုယ်တိုင်ကလည်း နေ့တိုင်း ကြော်ငြာတွေကို ပုံမှန်ကလစ်ပေးနေဖို့ လိုပါတယ်။ ဆိုဒ်တွေတိုင်းမှာ သူ့သတ်မှတ်ချက်နဲ့သူ တနေ့ကို ကြော်ငြာဘယ်နှကြည့်ရမယ်ဆိုတာ ရှိပါတယ်။ ပုံမှန်ကလစ်မနေဘူးဆိုရင် ကိုယ်ပျက်ကွက်ခဲ့တဲ့အတွက် နောက်နေ့မှာ Rented Referral တွေဆီက ၀င်ငွေမရဘဲဖြစ်တတ်ပါတယ်။ ပြန်ပြီးကလစ်ရင် နောက်ရက်ကို ပြန်ပြီး ၀င်ငွေပြန်ရောက်ပါလိမ့်မယ်။ တချို့ဆိုဒ်တွေမှာ Vacation mode ဆိုတာကို upgrade လုပ်ထားတဲ့ member တွေအတွက် ထည့်ပေးထားပါတယ်။ အဲဒီကျရင်တော့ ကိုယ်ပျက်မယ့်ရက်ကို သတ်မှတ်ပေးထားပြီး ကြော်ငြာတွေကို မကြည့်ဘဲ အနားယူရင်းနဲ့ ငွေထိုင်ထုတ်ယူနေလို့ ရပါတယ်။

Bought Referral

Bought Referral ဆိုတာကတော့ ကျနော်တို့ အပိုင်ဝယ်ယူလိုက်ရတဲ့ refer တွေပါပဲ။ သူတို့ကကျ ဈေးနည်းနည်းကြီးပါတယ်။ PTC ဆိုဒ်တွေတိုင်းမှာ ၀ယ်လို့မရပါဘူး။ PTC ဆိုဒ်တွေက သူတို့အတွက် အမြတ်များများရအောင် ငှားစားလေ့ရှိပါတယ်။ တကယ်လို့ မကြိုက်လို့ ပြန်လဲချင်တယ်ဆိုရင် upgrade လုပ်ထားတဲ့ member တွေပဲ ပြန်လဲလို့ ရပါတယ်။


Upgrading Membership

ဝင်ငွေတိုးစေတဲ့ အချက်ထဲမှာ Membership ကို upgrade လုပ်တာလဲ ပါပါတယ်။ ဒါပေမယ့် သူ့အတွက် upgrade လုပ်ခ ထပ်ပေးရပါတယ်။ Upgrade လုပ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Rented Referral တွေဆီက ရတဲ့ဝင်ငွေက နှစ်ဆတိုးပြီး ရပါတယ်။ ကြော်ငြာတွေကိုလည်း ပိုပြီးတော့ များများရလာပါတယ်။ ကြော်ငြာကြည့်ခဈေးနှုန်းတွေလဲ နှစ်ဆလောက်ပိုပြီးတော့ တိုးလာပါတယ်။ Rented Referral ငှားယူနိုင်တဲ့ အရေအတွက်ကလည်း ထပ်တိုးလာပါတယ်။ ကိုယ့်အကောင့်ထဲမှာ ပိုက်ဆံပြည့်ပြီ ဆိုရင် Upgrade လုပ်ဖို့ အကြံပေးချင်ပါတယ်။


ကိုနိုင်အောင်စိုး ဆိုက်မှ ကူးယူပါသည်။

သိထားသင့်တဲ့ PTC စည်းကမ်းချက်များ

သိထားသင့်တဲ့ PTC စည်းကမ်းချက်များ



PTC website တိုင်းမှာ သူသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ရှိပါတယ်။ အဲဒါတွေကို မလိုက်နာခဲ့ဘူးဆိုတာကို စစ်ဆေးတွေ့ရှိခဲ့ရင် ကိုယ့်အကောင့်ကို ပိတ်ပစ်သည်အထိ အရေးယူခံရနိုင်ပါတယ်။

၁။ ကွန်ပြူတာတစ်လုံးကို အကောင့်တစ်ခုနှုန်းပဲ သုံးခွင့်ရှိပါတယ်။

၂။ ကျောင်း(သို့)ရုံး(သို့) အင်တာနက်ကဖေးဆိုင်တွေမှာ အသုံးပြုခြင်းကို မပြုလုပ်ဖို့ တားမြစ်ထားသော်လည်း ကိုယ်သုံးမယ့် အဲဒီကွန်ပြူတာမှာ Account ဖွင့်မထားဘူးဆိုရင်တော့ အသုံးပြုလို့ရပါတယ်။

၃။ IP address ပြောင်းသွားတာကိုတော့ လက်သင့်ခံပါတယ်။ နိုင်ငံခြားမှာ အကောင့်လုပ်ပြီးတော့ မြန်မာကို ပြန်ရောက်သွားရင်လဲ အဲဒီဆိုဒ်ကို ဆက်ပြီးတော့ အသုံးပြုနိုင်၊ အလုပ်လုပ်နိုင်ပါတယ်။

၎။ အလိုအလျောက်နှိပ်ပေးတဲ့ Bot စနစ်တွေကို အသုံးပြုခွင့် မပေးပါဘူး။ (စည်းကမ်းချက်မှာ မောက်စ် နဲ့ ကိုယ်တိုင်နှိပ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ တချို့ဆိုဒ်တွေမှာ Bot သုံးမသုံးဆိုတာကို သိဖို့အတွက် မနှိပ်ရမယ့်ကြော်ငြာတွေ ထည့်သွင်းထားတတ်ပါတယ်။ အဲဒီကြော်ငြာကို သွားနှိပ်မိမယ်ဆိုရင် မိမိအကောင့်ထဲမှာရှိတဲ့ ငွေအားလုံးကို 0.001$ အထိလျော့ချပစ်လိုက်တာမျိုး ရှိပါတယ်။)

၅။ ဖုန်းကနေ အသုံးပြုခြင်းကိုလည်း တားမြစ်ထားပါတယ်။ (စည်းကမ်းချက်မှာ မောက်စ် နဲ့ ကိုယ်တိုင်နှိပ်ရမယ်လို့ သတ်မှတ်ထားပါတယ်။)

PTC ဆိုက်တွေ အကောင့်မလုပ်ခင် သိစေချင်

PTC ဆိုက်တွေမှာ အကောင့်မလုပ်ခင် သတိပြုစရာ အချက်များ 

PTC ဆိုက်တိုင်းယုံကြည်ရတာမဟုတ်သလို၊ PTC ဆိုက်တိုင်းမယုံကြည်ရတာလဲ မဟုတ်ပြန်ပါဘူး။ အဲဒါကြောင့် တကယ်ငွေပေးတဲ့ ဆိုက်နဲ့ ငွေမပေးပဲ လိမ်လည်တဲ့ ဆိုက်တွေကို သိနိုင်ဖို့ ကိုနိုင်အောင်စိုး blog က ကူးယူဖော်ပြပါတယ်။
နောက်ပြီး အထူးသတိပေးချင်တာက အွန်လိုင်းပေါ်မှာ PTC websites ပေါင်း ရာပေါင်းများစွာ ရှိပါတယ်။ ဒါပေမယ့် တကယ်ပိုက်ဆံပေးတဲ့ ဆိုဒ်တွေက တော်တော်နည်းပါတယ်။ ကြော်ငြာတွေကြည့်ခိုင်းထားပြီး တကယ်ငွေထုတ်တဲ့ အချိန်ကျမှ ဘာမှကို အကြောင်းမပြန်တဲ့ Webite တွေ အများကြီးရှိပါတယ်။ အဲဒီတော့ ကျွန်တော်အကြံပေးချင်တာက ကျွန်တော့်အကြိုက် PTC ဆိုက်များ မှာ ဖော်ပြထားတဲ့ ဆိုက်တွေကို  အရင်လုပ်ကြည့်ပါ။ တကယ်လို့ အခြားဆိုဒ်တွေကို လုပ်ချင်ရင်လဲ  http://www.ptc-investigation.com မှာ ကိုယ်လုပ်ချင်တဲ့ဆိုဒ်ရဲ့ အကြောင်းအသေးစိတ်ကို အရင်ဆုံးလေ့လာကြည့်ပြီးမှ လုပ်စေချင်ပါတယ်။ အဲဒီမှာ PTC websites တွေကနေ တကယ်ငွေလွှဲပေးထားတဲ့ Payment proof တွေကို ပုံတွေအဖြစ် တင်ထားပေးပါတယ်။ 

Monday, August 12, 2013

Buxp မှာ အကောင့်လုပ်မယ်

Buxp မှာ အကောင့်လုပ်ဖို့ ဒီနေရာကို နှိပ်ပါ။ အောက်ပါအတိုင်း တွေ့ရပါမယ်။ Register ကိုနှိပ်လိုက်ပါ။
 အောက်ပါအတိုင်မြင်တွေ့ရပါမယ်။
Username မှာ အမည်တစ်ခုထည့်ပေးပါ။
Password မှာ မိမိနှစ်သက်ရာ Passwordကို ထည့်ပါ။
 confirm Password မှာလဲ အစောက Password ကိုပဲထည့်ပါ။
Frirst Nameမှာ  မိမိအမည်ကို နှစ်ပိုင်းခွဲပြီး ရှေ့ပိုင်းကိုထည့်ပါ။ Last Name မှာ နောက်ပိုင်းကိုထည့်ပါ။
Email  အမှန်တကယ်သုံးလို့ရတဲ့ mail ထည့်ပါ။ confirm Email မှာ အစောက ထည့်ခဲ့တဲ့ mail ကိုပဲထည့်ပါ။
Payza/ paypal Email မှာ mail တစ်ခုခု ထည့်ပေးလိုက်ပါ။ payza/ paypal  Account လုပ်ထားတဲ့ mail မဟုတ်လဲရပါတယ်။
Date of birth မိမိ မွေးနေ့  အမှန်ထည့်ပေးလိုက်ပါ။
Referrer ကတော့မထည့်လဲရပါတယ်၊ ကျွတော့်ကို ကျေးဇူးတင်တယ် ဆိုရင် mgmoney လို့ထည့်းပေးပါဗျာ
I accept Terms  Of Service မှာ အမှန်ခြစ်ပါ။
Are you human ? မှာ မိမိ မြင်နေရတဲ့ စာသားတွေကို ရိုက်ထည့်ပေးလိုက်ပါ။


အပေါ်မှာ ဖြည့်သွင်းခဲ့တာတွေ မှန်မှန် ပြန်စစ်ပါ။ သေချာပြီ ဆိုရင် Register ကိုနှိပ်လိုက်ပါ။
Buxp udk ကျွန်တော်တို့ ပေးခဲ့တဲ့ mail ထဲကို mail တစ်စောင်ပို့ ပေးပါလိမ့်မယ်။အောက်ပါပုံကိုကြည့်ပါ။

 အဲဒီ mail ထဲက လင့်ကို နှိပ်ပါ။ အောက်ပါအတိုင်း Login ၀င်ရမယ့်နေရာ ရောက်သွားပါမယ်။
အစောက ပေးခဲ့ တဲ့ Username နဲ့ Password တို့ ကို ရိုက်ထည့်ပြီး Login ၀င်လိုက်ပါ။
ကြော်ငြာတွေကို စတင်ကြည့်နိုင်ပါပြီ။
ကြော်ငြာ မကြည့်တတ်သေးဘူးဆိုရင် ဒီနေရာ မှာ ဖတ်ကြည့်ပါအုံး။

ClixSense မှာ အကောင့်လုပ်မယ်

ClixSense မှာအကောင့်လုပ်ဖို့အတွက် ဒီနေရာ ကို နှိပ်ပါ။အောက်ပါအတိုင်းမြင်တွေ့ရပါမယ်။
 
 Frirst Nameမှာ  မိမိအမည်ကို နှစ်ပိုင်းခွဲပြီး ရှေ့ပိုင်းကိုထည့်ပါ။ Last Name မှာ နောက်ပိုင်းကိုထည့်ပါ။
Email  အမှန်တကယ်သုံးလို့ရတဲ့ mail ထည့်ပါ။ confirm Email မှာ အစောက ထည့်ခဲ့တဲ့ mail ကိုပဲထည့်ပါ။
Password မှာ မိမိနှစ်သက်ရာ Passwordကို ထည့်ပါ။ confirm Password မှာလဲ အစောက Password ကိုပဲထည့်ပါ။
Username မှာ အမည်တစ်ခုထည့်ပေးပါ။
အထက်ပါဖြစ်သွင်းချက်တွေ မှန်ကန်မှုရှိမရှိ ပြန်စစ်ပါ။ သေချာလို့ ကျေနပ်ပြီဆိုရင် Signup Now ကိုနှိပ်ပါ။ အောက်ပါအတိုင်မြင်တွေ့ရပါမယ်။
ဒီအဆင့်မှာ ဘာမှလုပ်စရာ မလိုပါဘူး ကျွန်တော်တို့ ပေးခဲ့တဲ့ mail ထဲကို mail တစ်စောင်ပို့လိုက်ပါပြီ။ mail ကိုဖွင့်ပါ။ အောက်ပါအတိုင်းတွေ့ရပါမယ်။ သူပေးထားတဲ့လင့်ကိုနှိပ်လိုပါ။

အောက်ပါအတိုင်းတွေ့ရပါမယ်။  အစောကပေးခဲ့တဲ့ username  နဲ့ password ထည့်ပြီး Sign in ၀င်လိုက်ပါ။
အောက်ပါအတိုင်းတွေ့ရပါမယ်။ No thank ကို နှိပ်လိုက်ပါ။

လာပါပြီ နေရပ်လိပ်စာ ဘာညာသာရကာတွေ 

Address ကြိုက်တာထည့်

City ကြိုက်တာထည့်

Zip ထည့်ချင်တဲ့ နံပါတ်တွေ ထည့်ဗျာ 1121 စသဖြင့်ပေါ့။
  Country မှာ လဲ ထားချင်တာသာထား
 Home Phone  ပေးချင်တဲ့ နံပါတ်ပေးလိုက်ဗျာ
Date of birth ဒါလေးတော့ အမှန်ထည့်ပေးလိုက်ပါ။
Gender ဖြစ်ချင်တာ ရွေးပေးလိုက်။ :)
Username ကတော့ ဖြည့်ပြီးသား
Password ကို ကိုယ့်ထည့်ခဲ့တဲ့ Password ထည့်ပေးပါ။
confirm Password မှာလဲ အစောက Password ကိုပဲထည့်ပါ။
Security question:  username တို့ password တို့ တစ်ခုခု မေ့သွားရင် ပြန်ယူဖို့အတွက် မေးလာမည့် မွေးခွန်းပါ။
စိတ်ကြိုက်မေးခွန်းတစ်ခုရွေးပါ။
Secret answer: ကိုယ်ရွေးချယ်ခဲ့တဲ့ မွေးခွန်းရဲ့ အဖြေပါ။ ကိုယ်တိုင်မှတ်မိမယ့်အဖြေ ရိုက်ထည့်ပါ။
 Meothod မှာ paypal ကိုရွေးပြီး mail တစ်ခုခု ထည့်ပေးလိုက်ပါ။ တကယ်ငွေထုတ်တော့မယ်ဆိုရင်တော့ ဒီနေရာမှာလာပြီး ကိုယ်ငွေထုတ်မယ့် အကောင့်အမှန်ကိုထည့်ပေးပါ။ Update Account ကိုနှိပ်လိုက်ပါ။
ကြော်ငြာတွေ စကြည့်လို့ရပါပြီ။
ကြော်ငြာ မကြည့်တတ်ရင် ဒီမှာ ဖတ်ပေးပါ။



nerdbux မှာ အကောင့်လုပ်မယ်

nerdbux မှာ အကောင့်လုပ်ဖို့ ဒီနေရာ မှာ နှိပ်ပါ။ အောက်ပါအတိုင်း တွေ့ရပါမယ်၊ REGISTER ကိုနှိပ်ပါ။
 အောက်ပါအတိုင်းတွေ့ရပါမယ်။
Full name မှာ နာမည် အပြည့်အစုံရိုက်ထည့်ပါ။
Username မှာ nerdbux မှာ login ၀င်တိုင်းသုံးမည့် နာမည်ပေးပါ။
Email. မှာ အမှန်တကယ်သုံးလို့ရတဲ့ mail တစ်ခုထည့်ပေးပါ။
Confirm email မှာ အပေါ်မှာ ထည့်ပေးခဲ့တဲ့ Mail ကိုပဲ ပြန်ထည့်ပေးပါ။
Password မှာ nerdbux မှာ သုံးလိုတဲ့ password ထည့်ပေးပါ။
Confirm password မှာ အပေါ်မှာ ထည့်ခဲ့ တဲ့ password ကိုပဲ ပြန်ထည့်ပေးပါ။
Referrer မှာ တော့ ဘာမှ မပါရင် mgmoney လို့ ထည့်ပေးပါခင်ဗျာ။
Paypal မှာ  မိမိမှာ paypal account ရှိတယ်ဆိုရင် ထည့်ပါ။ ရှိသေးဘူးဆိုရင်လဲ mail တစ်ခုခု ထည့်ပေးလိုက်ပါ။
Image verification မှာ သူပေးထားတဲ့ စာလုံးတွေကို မှန်ကန်အောင်ရိုက်ထည့်ပါ။
Terms of Service မှာ အမှန်ခြစ်တပ်ပေးပါ။
အပေါ်မှာ ဖြည့်သွင်းခဲ့တာတွေ မှန်မမှန် တစ်ခေါက်ပြန်စစ်ကြည့်ပါ။
သေချာလို့ ကျေနပ်ပြီဆိုရင် Register  ကိုနှိပ်လိုက်ပါ။
nerdbux က သင့်ဖြည့်ပေးခဲ့တဲ့ email ကို mail တစ်စောင်ပို့လိုက်ပါပြီ။
mail ထဲမှာ nerdbux ကိုပို့လိုက်တဲ့ mail ကို အခုလိုတွေ့ပါမယ်။

အပေါ်က လင့်ကို နှိပ်ရင် Activation ID ကို အလိုအလျှောက်ဖြည့်ပြီးသားဖြစ်မှာပါ။
အပေါ်က လင့် အလုပ်မလုပ်ဘူးဆိုရင်တော့ အောက်က လင့်ကို နှိပ်ပြီး  Your Activation ID နေရာက Activation ID ကို Copy ယူပြီးကိုယ်တိုင်ဖြည့်ပေးရမှာပါ။ ပြီးပြီဆိုရင် Send ကိုနှိပ်လိုက်ပါ။ အကောင့်လုပ်တာအောင်မြင်စွာပြီးဆုံးပါပြီ။ Login ၀င်ပြီ ကြော်ငြာတွေကြည့်နိုင်ပါပြီ ။

Sunday, August 11, 2013

Neobux မှာ အကောင့်လုပ်မယ်

Neobux မှာ အကောင့်လုပ်ဖို့ ဒီနေရာ ကိုနှိပ်ပါ။ အောက်ပါ အတိုင်းတွေ့ရပါမယ်။ Register ကိုနှိပ်လိုက်ပါ။
အောက်ပါအတိုက် တွေ့ရပါမယ်

Username မှာ Neobux မှာအမြဲတမ်းသုံးမယ့် နာမည်တစ်ခု ထည့်ပေးပါ။

Password မှာ မိမိနှစ်သက်ရာ Password ကိုထည့်ပေးပါ။

Password confirmation မှာ အစောက ထည့်ခဲ့တဲ့ Password ကိုပဲ ထည့်ပေးလိုက်ပါ။
Email မှာ Neobux က ပို့မယ့် mail ကို လက်ခံလို့တဲ့ email တစ်ခုထည့်ပေးပါ။
Payza/ paypal Email မှာလဲ ကိုယ့်မှာအမှန်တကယ် သုံးလို့ရတဲ့ mail တစ်ခုခု ထည့်ပေးလိုက်ပါ။ payza/ paypal  Account လုပ်ထားတဲ့ mail မဟုတ်လဲရပါတယ်။
Birth Year မှာတော့ ကိုယ်မွေးတဲ့ ခုနှစ်ထည့်ပေးလိုက်ပါ။
Verification Code မှာ ဘေးက စာသားတွေကို မှန်ကန်အောင် ရိုက်ထည့်ပါ။ I declare to have read မှာ အမှန်ခြစ်တပ်ပါ။
အပေါ်မှာ ဖြည့်သွင်းခဲ့တာတွေ မှန်မမှန် ပြန်လည် စစ်ဆေးပါ။ မှန်ကန်လို့ ကျေနပ်ပြီဆိုရင် Continue ကိုနှိပ်လိုက်ပါ။ တစ်ဆင့်တော့ပြီးပါပြီ။




Neobux က အစောက ဖြည့်ခဲ့တဲ့mail  နှစ်ခုလုံးဆီကိုCode တစ်ခုစီ ပို့လိုက်ပါပြီ။ အခုပဲ သွားဖွင့်ကြည့်လိုက်ပါ။
mail ထဲကို အောက်ပါအတိုင်း code ရောက်လာပါမယ်
သူပေးပို့တဲ့ mail တစ်ခုစီရဲ့ code တွေကို အောက်ပါအတိုင်းသူ့ mail နဲ့ သူ့ code နေရာမှန်အောင်ထည့်ပေးပါ။
 finish registration ကိုနှိပ်လိုက်ပါ။ အကောင့်လုပ်တာ အောင်မြင်ပြီးမြောက်ပီဆိုတဲ့ အကြောင်းအောက်ပါအတိုင်း တွေ့ရပါမယ်။
l
 အပေါ်မှာ ပေးခဲ့တဲ့ username နဲ့ Password ကိုသုံးပြီး Login ၀င် ကြော်ငြာကြည့်နိုင်ပါပြီ။
ကြော်ငြာကြည့်ပုံ မသိသေးရင်တော့ ဒီနေရာ မှာ ဖတ်လိုက်ပါအုံး။