Pages

Sunday, August 11, 2013

BUXP မှာ ကြော်ငြာဘယ်လိုကြည့်မလဲ

BUXP အကောင့်မလုပ်ရသေးရင် ဒီမှာ လုပ်ပါ။
BUXP မှာ ကြော်ငြာကြည့်ဖို့
Earn Money အောက်က Ads ကိုနှိပ်လိုက်ပါ။ အောက်ပါပုံကိုကြည့်ပါ။

အောက်ပါပုံအတိုင်းပေါ်လာရင် နှစ်သစ်ရာ ကြော်ငြာ တစ်ခုခုကို ကလစ်ပြီး ကြည့်နိုင်ပါပြီ

ဘာမှ မလုပ်ပါနဲ့အုံး ခဏစောင့်နေလိုက်ပါ။



အခုလိုလေး Done လို့မြင်ရပီဆိုရင်တော့ အစိမ်းရောင် ၀ိုင်းပြထားတဲ့ နေရာက အက္ခရာ၊ အရောင် နဲ့ အနီရောင် လေးထောင့်ကွက်နေရာက အက္ခရာ၊ အရောင် တူညီတာရွေးပြီး ကလစ်ပေးလိုက်ပါ။

အခုလို CREDITED လို့တွေ့ရရင် ကြော်ငြာကြည့်တာပြီးပါပြီ။

အောက်ပါပုံကတော့ သတိထားရှောင်ရှားရပါမယ်။ ဆော့ဝဲတွေသုံးပြီး အလိုအလျှောက်ကလစ်တဲ့ သူတွေအထိနာစေမယ့် နည်းစနစ်ပါ။ သူ့ကို မကလစ်ဖို့စာရေးထားပါတယ်။ ၀ါဝါမြင်တိုင်းရွှေစစ်လို့ မထင်လိုက်ပါနဲ့ ဆိုသလိုပါပဲ။ အ၀ါရောင်လေးဆိုပေမယ့် ကိုယ်ရထားတဲ့ ငွေကို သုညထိပို့ပေးမယ့် အ၀ါရောင်ပါ။ လုံးဝ မကလစ်ပါနဲ့။

နေက်ထပ် Video တွေကိုကြည့်ပြီး ၀င်ငွေရှာတဲ့နည်းကိုပြောပြပါမယ်။
Earn Money အောက်က Videos > Youtube videos ကိုနှိပ်လိုက်ပါ။ အောက်ပါပုံကိုကြည့်ပါ။ 


 အောက်ပါအတိုင်း ကြည့်ရမည့် Video တွေကို တွေ့ရပါမယ်။ နှစ်သက်ရာ တစ်ခုကို ကလစ်ပါ။

အောက်ပါအတိုင်းတွေ့ရပါမယ်။ Click here to view the video ကိုနှိပ်ပါ။

အောက်ပါအတိုင်းတွေ့ရပါမယ်။ အနီရောင်ဘားလေး ပြည့်သည်အထိစောင့်ရပါမယ်။

သူကြည့်ခိုင်းတဲ့ Video ကို Window အသစ်နဲ့ ပွင့်နေတာကို အခုလိုတွေ့ရပါမယ်။ မပိတ်ပါနဲ့။

သတ်မှတ်ထားတဲ့ အချိန်စေ့ရင်တော့ အခုလိုမြင်တွေ့ရပါမယ်။ Click here to get credited ကိုနှိပ်လိုက်ပါ။ အစောက ကြည့်တဲ့ Video window ကိုပိတ်လို့ရပါပြီ။

Video တစ်ခုကြည့်ပြီးကြောင်းအောက်ပါအတိုင်းတွေ့ရပါမယ်။ ပေးထားတဲ့ videoတွေ ကုန်အောင်ဆက်ကြည့်လိုက်ပါ။
နောက်ထပ် Buxp မှာ ငွေရှာနည်းတွေ ကျန်ပါသေးတယ်။ ကိုယ်တိုင်သာ ဆက်လေ့လာပြီး ၀င်ငွေတိုးအောင်ကြိုးစားလိုက်ကြပါအုံးဗျာ။


No comments:

Post a Comment

ထင်မြင်ယူဆချက် ကိုယ်တိုင်တွေ့ကြုံခဲ့ရတာလေးတွေ ၀င်ရောက်ဆွေးနွေးခြင်းဖြင့်ကူညီခဲ့ပါအုံး...။