Pages

Tuesday, August 13, 2013

Understanding Sever Time

ဒီနေရာမှာ Server time ဆိုတာကို နည်းနည်းလောက် ပြောပြချင်ပါတယ်။ ကျွန်တော်တို့ဆီကို ကြော်ငြာအသစ်တွေ ဘယ်အချိန်မှာ နောက်ထပ်ပြန်ရောက်မယ်ဆိုတာကို clicks reset time ကို ကြည့်ပြီး သိနိုင်ပါတယ်။ Server time က ကျွန်တော်တို့ရှိနေတဲ့ Local time ထပ်တူမကျဘဲ ဖြစ်တတ်ပါတယ်။ အခု ကိုယ့်ဆီမှာ ဘယ်အချိန်ရှိပြီလဲဆိုတာကို ကြည့်ပြီးတော့ ကိုယ့်ဆီကအချိန်နဲ့ Server time နဲ့ကြားမှာ အချိန်နာရီ ဘယ်လောက်ကွာတယ်ဆိုတာကို မှတ်ထားလိုက်ပါ။ Serever time က 24 hours ပုံစံနဲ့ သွားပါတယ်။
ဥပမာအနေနဲ့ Probux မှာ နမူနာယူပြီးတော့ ရှင်းပြထားပါတယ်။


အပေါ်မှာ ပြထားတဲ့ ပုံမှာ ပြထားတဲ့အချိန်က ကျွန်တော်တို့ဆီကို ကြော်ငြာတွေ အသစ်အပြည့် ပြန်ရောက်မယ့် အချိန်ကို ပြောတာပါ။ AM, PM တွေ မဟုတ်ဘဲ 24 hors ပုံစံနဲ့ ဖြစ်ပါတယ်။ သူအဲဒီအချိန်က တစ်ယောက်နဲ့ တစ်ယောက် တူမှာ မဟုတ်ပါဘူး။ ကျွန်တော့်ဆီမှာတော့ 00:00 ဖြစ်နေပါတယ်။ ပြီးတော့ အဲဒီအချိန်က အမြဲတမ်းမူသေ ဖြစ်နေပါမယ်။



အပေါ်မှာ ပြထားတဲ့ ပုံကတော့ ဆာဗာမှာရှိတဲ့ လက်ရှိအချိန်ကို ပြောတာပါ။ သူကလည်း AM, PM တွေ မဟုတ်ဘဲ 24 hors ပုံစံနဲ့ ဖြစ်ပါတယ်။ 00:00 နာရီမှာ စပြီးတော့ 23:59 အထိ ပုံမှန် အချိန်လည်ပတ်ပြီး နေပါမယ်။
ဒါကတော့ ကျွန်တော်တို့ရဲ့ Local မှာ လက်ရှိရောက်နေတဲ့ အချိန်ကို ပြထားတာပါ။ ဒီမှာတော့ AM, PM ပုံစံနဲ့ ပြထားပါတယ်။ 
Server မှာ ရှိတဲ့အချိန်နဲ့ ကျွန်တော်တို့ local မှာရှိတဲ့ အချိန်နှစ်ခုက မတူပါဘူး။ သူတို့ နှစ်ခုကြားက အချိန်ကွာခြားချက်ကို ရှာကြည့်ရအောင်ပါ။
The current server time (24 Hours format)=12:52
Local time (AM,PM format)= 10:22 PM
Local time (24 Hours format)= 22:22 ( 12:59 ပြီးရင် 1:00 နာရီလို့ မပြောဘဲ 13:00 နာရီလို့ ပြောပါလိမ့်မယ်။)

အချိန်ကွာခြားချက် = Local time - Server time = 22:22 - 12:52 = 9:30

ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ Local အချိန်နဲ့ Server မှာ ရှိနေတဲ့ အချိန်က ကိုးနာရီခွဲလောက် ကွာနေပါတယ်။ အဲဒါကို မှတ်ထားဖို့ လိုပါတယ်။

Your advertisement clicks reset at: 00:00 (server time)

ကျွန်တော့်ဆီကို နောက်ထပ်ကြော်ငြာအသစ်တွေ အပြည့်ပြန်ရောက်မယ့် အချိန်က Server time: 00:00 ဖြစ်ပါတယ်။ ကြော်ငြာတွေ ပြန်ရောက်လာမယ့် ကျွန်တော်တို့ရဲ့ Local မှာ ရှိမယ့် အချိန်ကို ပြန်ပြီးတော့ ကြည့်ရအောင်ပါ။

Local time = Server time + အချိန်ကွာခြားချက် = 00:00 + 9:30 = 9:30 (24 hours format)

အခု ကြော်ငြာတွေကို အကုန်နှိပ်လိုက်ပြီးရင် နောက်တစ်ခါ clicks reset time ကို ပြန်ရောက်ပြီးမှ ကြော်ငြာအသစ်တွေ အပြည့်ပြန်ရောက်လာပါလိမ့်မယ်။ အခုက ကြော်ငြာတွေ အပြည့်ပြန်ရောက်မယ့် အချိန်ကိုပဲ ပြောတာပါ။ ကြားထဲမှာ ကြော်ငြာနှစ်ခု၊ သုံးခု ရောက်နေတာမျိုးလည်း ရှိတတ်ပါတယ်။ အချိန်ရရင်တော့ ၀င်ကြည့်ပြီး ကလစ်နေလို့ရပါတယ်။ 
မှတ်ချက်။    ။ အကြံပေးချင်တာကတော့ clicks reset time မရောက်ခင်ကို ကြိုဝင်ပြီးတော့ ရှိသမျှ ကြော်ငြာတွေကို အကုန်ကြည့်ထားလိုက်ပါ။ ပြီးရင် Server reset time ကို ရောက်အောင် စောင့်လိုက်ပါ။ Reset time ကို ကျော်ပြီဆိုတာနဲ့ ကိုယ့်ဆီကို ကြော်ငြာအသစ်တွေ အပြည့်ပြန်ရောက်လာပါလိမ့်မယ်။ Page ကိုတော့ Refresh လုပ်ကြည့်ပေးနေဖို့ လိုပါတယ်။ ဒါမှ ကြော်ငြာအသစ်ရောက် မရောက်ဆိုတာကို သိမှာပါ။ ကြော်ငြာအသစ်တွေကို ထပ်ပြီးတော့ ကြည့်လိုက်ပါ။ နှစ်ခါ ကြည့်ခွင့်ရတဲ့အတွက် ကိုယ့်အတွက် တနေ့တည်းနဲ့ ကြော်ငြာအရေအတွက် များများကြည့်ခွင့် ရပါတယ်။

ကျွန်တော်တို့ ဒီနေ့အတွက်ကြော်ငြာတွေ မကြည့်ရသေးဘူးဆိုတဲ့ Message ပေါ်တာပါ။ ကြော်ငြာတွေ အားလုံးကို ကြည့်ပြီးသွားလို့ page ကို refresh လုပ်လိုက်မယ်ဆိုရင် အဲဒီ စာတန်းက ပျောက်သွားပါလိမ့်မယ်။

ကျွန်တော်တို့မှာ Referral တွေမရှိသေးရင်တော့ ကြော်ငြာတွေကို နေ့တိုင်း ပုံမှန်မကြည့်လဲ ဘာမှမဖြစ်ပါဘူး။ Referral တွေအကြောင်းကိုလည်း  ရှင်းပြထားပြီးပါပြီ။ ကျွန်တော်တို့ ငှားလိုက်တဲ့ Referral တွေဆီကနေ ၀င်ငွေကို ရဖို့အတွက်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်ကလည်း အဲဒီ စာတန်း Message ပျောက်သည်အထိ ကြော်ငြာတွေကို ကြည့်ပေးဖို့လိုပါတယ်။ များသောအားဖြင့်တော့ တစ်နေ့ကို ကြော်ငြာလေးခု ပုံမှန်ကြည့်ပေးရပါမယ်။ ဒီနေ့ ကြော်ငြာမကြည့်ခဲ့ဘူးဆိုရင် နောက်နေ့မှာ Referral ဆီက ၀င်ငွေ လျော့ကျသွားပါလိမ့်မယ်။ နေ့တိုင်းဝင်ကြည့်တယ်ဆိုပေမယ့် အဲဒီစာတန်းပျောက်မှ Referral တွေဆီက ငွေပုံမှန်ရပါလိမ့်မယ်။

နောက်ပိုင်းကျရင်တော့ ကိုယ့်မှာငှားထား Referral တွေများလာလို့ ၀င်ငွေကောင်းလာပြီဆိုရင် Fixed ads တွေလောက်ပဲ ပုံမှန်ကြည့်သွားလို့ ရပါတယ်။ သူတို့က အချိန်က စက္ကန့် ၃၀ လောက် ကြည့်ရပါတယ်။ ကြော်ငြာကြည့်ခက ရိုးရိုးပုံမှန်တွေထက် ဆယ်ဆ ပိုများပါတယ်။ သူကတော့ အရေအတွက်ကတော့ လေးခုပဲ ပေးပါတယ်။
 
ကိုနိုင်အောင်စိုး ဆိုက်မှ ကူးယူပါသည်။

No comments:

Post a Comment

ထင်မြင်ယူဆချက် ကိုယ်တိုင်တွေ့ကြုံခဲ့ရတာလေးတွေ ၀င်ရောက်ဆွေးနွေးခြင်းဖြင့်ကူညီခဲ့ပါအုံး...။