Pages

Friday, August 9, 2013

PTC Siteတိုင်းအတွက် အကောင့်လုပ်နည်း

PTC Site တွေ အကောင့်လုပ်ပုံက တစ်ခုနဲ့ တစ်ခု မကွာလှပါဘူး။ အောက်ပါ အချက် ၅ချက်က အများဆုံးတွေ့ရမှာပါ။

1 Full Name / User Name/ First Name Last Name

2 Email

3 Password

4  PayZa / Paypal account

5 Verification

တစ်ခါတလေမှာ Referrer: ဆိုတာပါပါတယ်။ သူက မိမိအခုအကောင့်လုပ်နေတဲ့ ဆိုက်ကို ရောက်လာအောင်လမ်းညွှန်သူကို ထည့်ခိုင်းတာပါ မထည့်လဲ ဘာမှ မဖြစ်ပါဘူး။ ထည့်ချင်သပဆိုရင် ကျွန်တော့်အကောင့်ဖြစ်တဲ့ mgmoney ကိုထည့်ပေးလိုက်ပါဗျာ။ ကျေးဇူးတင်နေပါ့မယ်။

1 Full Name/ Username / First Name Last Name

PTC Site တွေအများကြီးလုပ်ထားပြီး ၀င်ငွေရှာမယ်ဆိုရင် အားလုံးကို နာမည်တူထားတာက မှတ်ရတဲ့ ဒုက္ခကို သက်သာစေပါတယ်။ အဲဒါကြောင့်Full Name ကိုထားချင်သလိုထားလို့ ရပေမယ့် User Name ကို တော့ဆိုက်တိုင်းမှာ မရှိနိုင်လောက်တဲ့ နာမည်တစ်ခု ရွေးချယ်ပြီး ဆိုက်တိုင်းကို Username တစ်ခုထဲထားပါ။ First Name နဲ့ Last Name ကိုတော့ Full Name ကိုပဲ နှစ်ပိုင်းခွဲပြီး ပေးလိုက်ပါ။

 2 Email

PTC ဆိုက်တွေမှာ သုံးမယ့် Email ကိုလဲ အသစ်လုပ်လိုက်ပါ။  PTC ဆိုက်တွေအတွက် သီးသန့်ထားလိုက်ပါ။ ဆိုက်အားလုံးအတွက် အဲဒီ Mail. တစ်ခုထဲသုံးလိုက်ရင် ဘယ်ဆိုက်က ဘာဆိုပြီး ထူးထူးထွေထွေ မှတ်စရာမလိုတော့ဘူးပေါ့ဗျာ။ 

 3 Password

 Password ကိုလည်း ဖြစ်နိုင်ရင် တစ်ခုထဲပဲထားပါ။ ဆိုက်တစ်ခုကို Password တစ်ခုဆိုရင် ပြန်စဉ်းစားနေရ မှတ်ထားတာပြန်ရှာရနဲ့ အလုပ်ရှုပ်ပါတယ်။ facebook တို့ gmail တို့ မှာ သုံးတဲ့ Password ကို မပေးပါနဲ့။Password ကို ဆိုက်တိုင်းက လက်ခံနိုင်ဖို့ စာလုံးအကြီး၊ အသေး၊ နံပါတ် အဲဒီသုံးမျိုး ပါအောင်ပေးပါ။ ဥပမာ P + assword + 123 အဲဒါမျိုးပါ။ အကောင်းဆုံးကတော့ မြန်မာနာမည်ကို အင်္ဂလိပ်လို ရိုက် နံပါတ်ထည့်တာ ပိုလုံခြုံပါတယ်။ သတိထားရမှာက တစ်ချို့ ဆိုက်တွေက မြန်မာနာမည်တွေမှာ သုံးတဲ့း -; ယ - , တို့ နောက်ပြီးတော့ !@#$%^ အဲတွေကိုလဲ လက်မခံတတ်ပါဘူး။ အစ အဦးဆုံးလုပ်တဲ့ ဆိုက်ကို စပြီး အကောင့်လုပ်ကတည်းက အသေအချာ !@#$ စတာတွေနဲ့ လွတ်အောင်ပေးထားလိုက်ပါ။

  4  PayZa / Paypal account

  PayZa / Paypal accountကတော့ အရေးကြီးပြီးတော့ အရေးမကြီးပါဘူး။ အရေးကြီးတယ်ဆိုတာက ဒီလိုပါ PTC ဆိုက်တွေက ရတဲ့ ငွေကို  PayZa account ဒါမှမဟုတ် Paypal account ရှိမှ ထုတ်ယူလို့ရမှာပါ။ ဒါကြောင့်အရေးကြီးတာပါ။ အရေးမကြီးဘူးဆိုတာက အခု အရေးမကြီးသေးပါဘူး။ ပေးချင်တဲ့ Email လိပ်စာပေးထားလို့ရပါသေးတယ်။ ပိုက်ဆံတွေရလာလို့ ထုတ်တော့မယ်ဆိုမယ် ကိုယ်တကယ်ထုတ်ယူမယ့်အကောင့်ကို ပြောင်းထည့်ပေးလို့ရပါတယ်။



5 Verification 

သူကတော့ လုံခြုံရေးအတွက်ပါ၊ ဘေးမှာ သူပေးထားတဲ့ စာသား၊ ဂဏန်း စတွေကို မြင်ရတဲ့ အတိုင်းရိုက်ထည့်ပေးရမှာပါ။

အဲ ဆိုက်တိုင်းမှာ မတွေ့ရပေမယ့် တစ်ချို့ဆိုက်တွေမှာ
နိုင်ငံ နဲ့ နေရပ်လိပ်စာတွေ ဖုန်းနံပါတ်တွေ Zip Code တွေ တောင်းတဲ့ ဆိုက်တွေလဲ ရှိတတ်ပါတယ်။ အဲဒါတွေအတွက် ဖြေရှင်းဖို့ ဒီဆိုက်လေးကို သုံးပါ။ ကိုယ်လိုချင်တဲ့ နိုင်ငံကို ရွေးပြီး Generate ကို နှိပ်လိုက်ရင် ကိုယ်လိုချင်တဲ့ နိုင်ငံ မြို့၊ နေရပ်လိပ်စာ ဖုန်းနဲ့ ပါတ်၊ Zip code တွေရလာပါမယ်။ Name နဲ့ Email ကို ကိုယ့်နာမည် ကိုယ့် mail တွေသုံးပြီး  ကျန်တာတွေ အကုန်လုံး သူ့အတိုင်းသုံးလို့ရပါတယ်။ အောက်ပါပုံကို ကြည့်လိုက်ရင် ရှင်းသွားပါမယ်။



 အဲအဲ မေ့တော့မလို့ အဓိကကျတာက အကောင့်လုပ်လို့ အောင်မြင်ပြီဆိုရင် အဲဒီဆိုက်မှာ ပေးခဲ့ တဲ့ Email ထဲကို ၀င်ကြည့်ပြီး သက်ဆိုက်ရာ ဆိုက်က ပို့ထားတဲ့ မေးထဲမှာ complete your registration, please visit this URL: ဆိုတဲ့ လင့် ကိုနှိပ်ပြီး အကောင့်ကို Activate ဖြစ်အောင် လုပ်ပေးဖို့လိုပါတယ်ခင်ဗျာ။
အပေါ်က ပြောပြခဲ့တဲ့နည်းတွေက အခြေခံအကျဆုံး အကောင့်လုပ်နည်းတွေပါ။ တွေ့လာသမျှ ဆိုက်တွေကို အဲဒီနည်းတွေနဲ့ပဲ အလွယ်တကူ အကောင့်လုပ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အကောင့်လုပ်မယ်ဆိုရင် PTC ဆိုက်လင့်တွေက ဒီမှာ ပါ။

No comments:

Post a Comment

ထင်မြင်ယူဆချက် ကိုယ်တိုင်တွေ့ကြုံခဲ့ရတာလေးတွေ ၀င်ရောက်ဆွေးနွေးခြင်းဖြင့်ကူညီခဲ့ပါအုံး...။