Pages

Saturday, August 10, 2013

neobux မှာ ကြော်ငြာဘယ်လိုကြည့်မလဲ

Neobux အကောင့်မလုပ်ရသေးရင် ဒီမှာ လုပ်ပါ။
Neobux မှာ ကြော်ငြာကြည့်ဖို့ View Advertisements ကိုနှိပ်လိုက်ပါ။

Neobux မှာ ထူးခြားတာက တစ်ခြား ဆိုက်တွေလို ကြော်ငြာပေါ်ကလစ်ရုံနဲ့ မရသေးပါဘူး အဲဒီကြော်ငြာပေါ်မှာ ပေါ်လာတဲ့ အနီစက်ကလေးကို နှိပ်ပေးမှ ကြော်ငြာကြည့်ခြင်း လုပ်ငန်းကို စတင်ပါတယ်။ အဲဒါကြော် ကြော်ငြာပေါ်ကို တစ်ချက်နှိပ်ပြီး ပေါ်လာတဲ့ အနီစက်ကလေးကို တစ်ချက် နှိပ်လိုက်ပါ။

 
အောက်ပါပုံ အတိုင်း အောက်ခြေမှာ အ၀ါတန်းလေး ညာဘက်ထိ ရောက်အောင် စောင့်ရပါတယ်။ အဲသူ့ကို ကြည့်မနေဘူးဆိုရင်တော့ သူကလဲ အလုပ်ဆက်လုပ်မှာမဟုတ်ပါဘူး။

အ၀ါတန်းလေး ညာဘက်ထိ ရောက်သွားပြီးဆိုရင်တော့ အောက်ပါအတိုင်း ကြော်ငြာ ကြည့်ခ ဘယ်လောက်ရတယ် ဆိုတဲ့အကြောင်းပြောပါတယ်။ Close ကိုနှိပ်ပြီးပိတ်လိုက်ပါ။ တခြား ကျန်နေသေးတဲ့ ကြော်ငြာတွေကိုလဲ ဒီနည်းအတိုင်း ကြော်ငြာ အားလုံးကုန်သည်အထိ ဆက်ကြည့်လိုက်ပါ။

Neobux တို့ Probux တို့ ကိုလူလည်ကျတဲ့ နည်းလေးပြောပြမယ်ဗျာ။ Neobux က သူ့ကိုကြည့်မနေရင် အလုပ်မလုပ်ဘူးဆိုတော့ အောက်ပါပုံအတိုင်း window သေးသေးလေး လုပ်ထားပြီး ကျန်တဲ့ ဆိုက်က ကြော်ငြာတွေကိုကြည့်မယ်ဗျာ။ သူ့ကို မကြည့်ဘူးလဲမဟုတ်ဘူးလေ။ တစ်ခြားအလုပ်လဲ လုပ်လို့ရတာပေါ့။ ClixSense နဲ့ Reffbux တို့ကတော့ ဒီနည်းနဲ့ မရပါဘူး။ မဖြစ်မနေသူတို့ကို ကြည့်ကိုကြည့်နေရပါတယ်။ ကျန်တဲ့ ဆိုက်တွေကိုလဲ ဒီနည်းသုံးပြီး စမ်းကြည့်ပေါ့။ လက်ခံရင် ဆက်လုပ်မယ်ဗျာ။ အချိန်ကုန်သက်သာတာပေါ့။


4 comments:

  1. လန်းချက် စမ်းကြည့်ဦးမှပဲ.. ကျေးဇူးပါဗျို့ 

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ စမ်းကြည့်လိုက်ပါဗျာ တကယ်အချိန်ကုန်သက်သာပါတယ်။

      Delete
  2. ကြက်​​ခြေခတ်​ X ​ပေါ်​နေတယ်​ဗျ မရဘူး ဘာဖြစ်​လို့လဲ

    ReplyDelete

ထင်မြင်ယူဆချက် ကိုယ်တိုင်တွေ့ကြုံခဲ့ရတာလေးတွေ ၀င်ရောက်ဆွေးနွေးခြင်းဖြင့်ကူညီခဲ့ပါအုံး...။