Pages

Thursday, November 28, 2013

Freedom ကို အဆင်ပြေပြေ အသုံးပြုနိုင်ဖို့

freedom အသုံးပြုတာနဲ့ ပတ်သတ်လို့ တစ်ချို့တွေမှာ အဆင်မပြေကြဘူးလို့ ကြားရပါတယ်။ ကျွန်တော်လဲ freedom ကို နေ့တိုင်းသုံးနေတာ အဆင်ပြေပါတယ်။ ဘယ်လိုများ အဆင်မပြေကြပါလိမ့်လို့ စဉ်းစားကြည့်တဲ့ အခါ အဖြေ ၄မျိုးထွက်လာပါတယ်။

၁။ အင်တာနက် လိုင်းမကောင်းချိန်မှာ သုံးနေလို့။
၂။ proxy setting မှားနေလို့။
၃။ freedom version out date ဖြစ်နေလို့။
၎။ freedom က ခွင့်ပြုထားတဲ့  bandwidth ထက် ပိုသုံးနေလို့။

၁။ အင်တာနက် လိုင်းမကောင်းချိန်မှာ သုံးနေရင်တော့ freedom က အဆင်မပြေပါဘူး။ အဲဒါကြောင့် freedom ကို သုံးတော့မယ်ဆိုရင် အင်တာနက်လိုင်း အသင့်အတင့်ကောင်းနေချိန်ကို ရွေးခြယ်သုံးပါ။
အထူးသဖြင့် paypal and payza သုံးတော့မယ်ဆိုရင် အင်တာနက်လိုင်းက ပုံမှန်အတိုင်းကောင်းမွန်နေမှ အဆင်ပြေပါမယ်။ အင်တာနက် လိုင်းမကောင်းလို့ ခဏခဏ try နေရရင် paypal and payza account limited ဖြစ်သွားတတ်ပါတယ်။

၂။ proxy setting မှားနေရင်လဲ proxy မပြောင်းပဲ မြန်မာအိုင်ပီနဲ့ ဖြစ်နေပြီး လိုရာခရီး မပြီးပဲ ဖြစ်နေမှာပါ။ အဲဒါကြောင့် proxy setting အတွက် ဒီနေရာမှာ လေ့လာပါ။

၃။  freedom version out date ဖြစ်နေရင်လဲ အဆင်ပြေပြေသုံးစွဲနိုင်မှာမဟုတ်ပါဘူး။ freedom version out date ဖြစ်နေသလား ဆိုတာ သိဖို့ freedom မသုံးသေးခင် အားလပ်ချိန်မှာ စစ်ဆေးထားဖို့လိုပါတယ်။ အဲဒီလိုမစစ်ဆေးမိရင်ခဲ့ ရင် freedom သုံးနေချိန်မှာ version update download လုပ်ဖို့ သတိပေးစာ တွေ့ရပါမယ်။ အဲလိုတွေ့ရရင်တော့ ဆက်မသုံးပါနဲ့တော့ အဆင်ပြေမှာ မဟုတ်တော့ပါဘူး။ freedom version up date လုပ်ပြီးမှ ဆက်သုံးပါ။

စစ်ဆေးရန်အတွက်  freedom ကို ဖွင့်လိုက်ပါ။ Update ? ကိုနှိပ်ပါ။


အောက်ပါအတိုင်း box တစ်ခုကျလာပါမယ်။ ရှေ့သို့ ကိုနှိပ်လိုက်ပါ။


 အောက်ပါအတိုင်းနောက်ထပ်box တစ်ခုပေါ်လာပါမယ်။ your installation is outdated ဆိုရင်တော့ freedom version out date ဖြစ်နေပါပြီ။ download ကိုနှိပ်ပြီး version အသစ်ကို ဒေါင်းလိုက်ပါ။ ဒေါင်းထားတဲ့ version အသစ်က C:\ Users\ username\ AppData\ Local\ temp  အောက်မှာရောက်သွားပါတယ်။


အောက်ပါအတိုင်း new version ကို ဒေါင်းပါလိမ့်မယ်။


 အောက်ပါတိုင်း တွေ့ရရင်တော့ install ကိုနှိပ်လိုက်ပါ။


ကျနော်မှာတော့ အောက်ပါအတိုင်း installation failed ဖြစ်သွားပါတယ်။ 


အဲဒါကြောင့် download file ရှိတဲ့နေရာ  C:\ Users\ username\ AppData\ Local\ temp ကို အောက်ပါအတိုင်းသွားပီ Install လုပ်ပါတယ်။


Install လုပ်ပြီး update ဖြစ်မဖြစ် ပြန်စစ်ကြည့်ပါ။  အောက်ပါအတိုင်း your installation is up to date လို့ တွေ့ရင် update လုပ်တာအောင်မြင်ပါပြီ။


အခုလို တိုက်ရိုက်ဒေါင်းဖို့ အင်တာနက်လိုင်းအဆင်မပြေတဲ့ သူတွေအတွက် Freedom Update ဆိုပြီး ကျနော်အမြဲတင်ပေးထာပါတယ်။

၎။ freedom က ခွင့်ပြုထားတဲ့  bandwidth ထက်ပိုသုံးမိနေရင် လိုင်းက အတော်ကြီးကိုလေးသွားတာပါ။ တစ်ခါတစ်လေ ဘာမှ အလုပ်မလုပ်တာ့တဲ့အထိ ဖြစ်သွားတတ်ပါတယ်။

freedom က ခွင့်ပြုထားတဲ့  bandwidth ကို အောက်မှာ လေ့လာကြည့်ပါ။


freedom က free account အတွက် bandwidth က 64kbit/s ထိပဲ သုံးခွင့်ပေးထာပါတယ်။ အဲဒါကြောင့် freedom နဲ့ သုံးတဲ့အခါ ဆိုက်တစ်ခုထက်ပိုမသုံးသင့်ပါဘူး။ PTC site ဆိုတော့ ပိုဆိုးပါတယ်။ မူရင်း PTC site က တစ်ခု၊ ကြော်ငြာ ဆိုက်ကတစ်ခု အဲဒီအထဲမှာ Gif ပုံတွေ Video တွေပါလာရင် bandwidthကို တော်တော်စားသွားပါတယ်။ အဲဒါကြောင့် freedom နဲ့ proxy ကျော်သုံးတဲ့ အခါ ဆိုက်တစ်ခုထက် ပိုမဖွင့်ပါနဲ့။
အဲဒါဆိုရင် freedomကို အဆင်ပြေပြေ သုံးနိုင်ပြီလို့ ယူဆပါတယ်။
အားလုံး အဆင်ပြေကြပါစေ..။