Pages

Tuesday, August 13, 2013

Probux မှာ Referral တွေ ငှားရအောင်

၁။ ကျွန်တော်တို့ ကြော်ငြာတွေကို ကြည့်တဲ့အတွက် ရလာတဲ့ ကြော်ငြာကြည့်ခတွေကို ကြည့်ချင်တယ် ဆိုရင် My Account ကို နှိပ်လိုက်ပါ။



၂။ My Account Details မှာ ကျွန်တော်တို့ရဲ့ Membership၊ ကျွန်တော်တို့ ကြည့်ခဲ့ပြီးသား ကြော်ငြာအရေအတွက်၊ ကြော်ငြာကြည့်လို့ ရလာတဲ့ Main balance မှာရှိတဲ့ ငွေပမာဏ၊ Referrral တွေကို ငှားဖို့အတွက် ဒါမှမဟုတ် သက်တမ်းထပ်တိုးဖို့အတွက်ထားတဲ့ Rental balance မှာ ရှိတဲ့ ငွေပမာဏ စတာတွေကို ပြထားပါတယ်။


၃။ တကယ်လို့ Referral တွေငှားချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ ငွေတွေကို Main balance ထဲကနေ Rental balance ထဲကို ပြောင်းထည့်ရပါတယ်။ အဲဒီလိုပြောင်းထည့်ဖို့အတွက် Rental balance ရဲ့နောက်မှာရှိတဲ့ Add funds ကို နှိပ်ပေးပါ။



၎။ အဲဒါဆိုရင် ဘယ် payment ကနေ Rental balance ထဲကို ထည့်မှာလဲဆိုတာကို ရွေးပေးရပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို့က Probux ရဲ့ Main balance ထဲကနေ ပြောင်းထည့်မှာဖြစ်တဲ့အတွက် probux MAIN BALANCE ကိုရွေးပေးပါ။ ကိုယ့်မှာ payment card တွေရှိတယ်ဆိုရင် Paypal ဒါမှမဟုတ် Payza တို့ကနေလည်း ငွေထည့်သွင်းနိုင်ပါတယ်။

၅။ ကျွန်တော်တို့ Rental balance ထဲကို ထည့်မယ့် ပမာဏကို အတိုးအလျော့လုပ်ပြီး ADD FUNDS ကို နှိပ်ပေးပါ။



၆။ အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ငွေကို Rental balance ထဲကို ရွေ့ပြောင်းပြီးပြီးဆိုတဲ့အကြောင်း တက်လာပါလိမ့်မယ်။


၇။ အခု ကျွန်တော်တို့တွေ Referral တွေကို စပြီးငှားကြည့်ရအောင်ပါ။ Referral တွေကလည်း ကျွန်တော်တို့လို အဲဒီဆိုဒ်မှာ ကလစ်လုပ်ပြီး ငွေရှာနေတဲ့ သူတွေပါပဲ။ သူတို့ကျတော့ ဆိုဒ်ကိုညွှန်းတဲ့သူ မရှိဘဲ ရောက်လာတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ကိုကျ အဲဒီ PTC ဆိုဒ်တွေကနေ တစ်လကို ဘယ်လောက် ဆိုပြီး ငှားချင်တဲ့သူတွေကို ပြန်ငှားပါတယ်။ ငှားတဲ့သူတွေကျတော့ ကိုယ်ငှားလိုက်တဲ့ Referral ကြည့်သမျှ ကလစ်သမျှကြော်ငြာကြည့်ခတွေရဲ့ (PTC ဆိုဒ်ပေါ်မူတည်ပြီး) 30% ကနေ 50% အထိ ရပါတယ်။ ကျွန်တော်တို့ ငှားထားတဲ့ Referral တွေ ကြော်ငြာများများကြည့်လေ ကျွန်တော်တို့အတွက် ၀င်ငွေ ပိုများလာလေ ဖြစ်ပါတယ်။ အဲဒါကြောင့် PTC ဆိုဒ်မှာ ၀င်ငွေကောင်းဖို့ဆိုရင် Referral က အဓိက နေရာကနေ ပါဝင်နေပါတယ်။ Referral များများရှိတဲ့သူက ၀င်ငွေပိုများတယ်လို့ ပြောလို့ရပါတယ်။



၈။ Referral တွေငှားမယ်ဆိုရင် Rent Referrals ကို ကလစ်နှိပ်ပါ။

၉။ ပုံမှာ ပြထားတဲ့အတိုင်း 3ခု၊ 10ခု၊ 20ခု၊ 50ခု၊ 70ခု၊ 100 ခု ဆိုပြီး ကိုယ်အဆင်ပြေသလို ၀ယ်လို့ ရပါတယ်။ ၀ယ်တဲ့အခါမှာ Rental balance ထဲက ငွေနဲ့ ၀ယ်ယူရမှာဖြစ်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်ပဲ ၀ယ်ယူလို့ ရပါတယ်။

၁၀။ My Account page မှာ ရှိတဲ့ My Referrals မှာ ကျွန်တော်တို့မှာရှိတဲ့ Referral အရေအတွက်တွေနဲ့ သူတို့ကလစ်ခဲ့တဲ့ အရေအတွက်တွေကို ပြထားပါတယ်။ ကျွန်တော်က ၀ယ်ထားတာ ကြာပြီဖြစ်လို့ ကလစ်အရေအတွက်တွေ ရှိနေတာပါ။ ၀ယ်ပြီးပြီးချင်းဆိုရင် ကလစ်အရေအတွက်က သုညဖြစ်နေပါလိမ့်မယ်။


၁၁။ ကျွန်တော်တို့ရဲ့ Referrals တွေ တစ်ယောက်ချင်း ဘယ်လောက် အလုပ် လုပ်ထားတယ် ဆိုတာကို Rented Referral ကို ကလစ်လုပ်ပြီး ကြည့်နိုင်ပါတယ်။ AutoPay ကို Enable မှာ ထားပေးပါ။ AutoPay အကြောင်းကို နောက်မှာ သီးသန့်ထပ်ပြောထားပါတယ်။



၁၂။ တကယ်လို့ ကျွန်တော်တို့မှာ ငွေပမာဏများလို့ Membership ကို အဆင့်မြှင့်ချင်တယ်ဆိုရင် Upgrade ကို နှိပ်ပြီး မြှင့်လို့ရပါတယ်။

ကိုနိုင်အောင်စိုး ဆိုက်မှ ကူးယူပါသည်။

No comments:

Post a Comment

ထင်မြင်ယူဆချက် ကိုယ်တိုင်တွေ့ကြုံခဲ့ရတာလေးတွေ ၀င်ရောက်ဆွေးနွေးခြင်းဖြင့်ကူညီခဲ့ပါအုံး...။